unicode
မိုက်ကယ်သည် သူ့ခန္ဓာကိုယ်ကို အပြည့်အဝ ထိန်းချုပ်နိုင်ပြီးနောက်မှာတော့ သူတော်စင်မ၏ အခန်းသို့ ပြန်လည်ဆင်းသက်လာခဲ့သည်။ သူတော်စင်မ၏ ရုပ်ကလာပ်ကို ဈာပန မတိုင်ခင်အထိ ထိန်းသိမ်းထားချင်ခဲ့သော်လည်း သူမကို ရှာလို့မရတော့ပေ။ သူတော်စင်အသစ်အဖြစ် ထွက်ပေါ်လာပြီးသည့် နောက်တွင် သူတော်စင်မ၏ ခန္ဓာကိုယ်သည် ပျောက်ကွယ်သွားခဲ့တော့သည်။ ကျန်ခဲ့တာဆိုလို့ သူမ၏ ကျမ်းစာအုပ်သာ ရှိတော့သည်။
မိုက်ကယ်သည် တိတ်ဆိတ်စွာ ရပ်နေပြီး သူ၏ မြင့်မြတ်တော် အဆောင်တော်ကို ဖြစ်ညှစ်ကြည့်နေခဲ့သည်။
သူတော်စင်မ၏ သေဆုံးမှုသည် ကံကြမ္မာစီရင်ပြီးသားဖြစ်ပြီး အရာအားလုံးသည် ဘုရားသခင် ဖန်တီးသော ကံတရားဖြစ်ကြောင်း သူနားလည်ထားသည်။
သို့သော် သူ့နှလုံးသားထဲတွင်တော့ အပေါက်ကြီးတစ်ခုလို လစ်လပ်သွားစေသည်။ သူ့ဘဝတစ်ခုလုံး သူတော်စင်မကို အတတ်နိုင်ဆုံး ကာကွယ်ဖို့ သူကျိန်ဆိုထားခဲ့ပြီး အဆုံးသတ်မှာတော့ သူမကို ကံကြမ္မာကနေတောင် ကာကွယ်မပေးနိုင်ခဲ့ပေ။ သူတော်စင်မသည် အသက်သေဆုံးချိန်တွင် ၃၀ အရွယ်သာ ရှိသေးတာကြောင့် မတရားသလို ခံစားလာရသည်။ သူမသည် အသက်ရှည်ရှည် နေလို့ ရနိုင်သည်။ ဒါပေမဲ့ သူမသည် ဘုရားသခင်ကိုသာ အမြတ်နိုးရဆုံးဖြစ်သည့်အပြင် ဒီကမ္ဘာကြီးအတွက် သူမသည် စိတ်ထားကောင်းလွန်းသောကြောင့် ဘုရားသခင်က သူမကို ပြန်ခေါ်ဆောင်သွားခဲ့လေပြီ။
လူအားလုံးသည် သူတော်စင်အသစ်ကို ဖူးတွေ့ရန် သူတော်စင်မ အခန်းအနားမှာ စုပြုံလာကြသည်။ မိုက်ကယ်သည် သူ့ရဲ့ သူရဲကောင်းတွေ၊ နောက်တော်ပါးတွေ ၊ အရင်းရှင်တွေ၊ သာမန် အလုပ်သမားတွေတောင်မှ သူ့ကို အရိုအသေပေးဖို့ ဘုရားကျောင်းတော်ကို စုလာကြသည်ကို မြင်နေရသည်။ တစ်ချိန်က သူတော်စင်မသည် ကျန်းမာရေးမကောင်းတာကြောင့် အပြင်မထွက်ချင်ခဲ့ဟု မိုက်ကယ်ထင်ခဲ့သည်။
သို့သော် သူ့ရှေ့တွင် လူတွေ အုံလာသောအခါ လူတွေသည် သူ့နာမည်ကို ဟစ်ကြွေးပြီး "ကောင်းချီပေးတော်မူပါ သူတော်စင် မိုက်ကယ်! ကျေးဇူးပြုပြီး ကောင်းချီးပေးတော်မူပါ! "
YOU ARE READING
တတိယလူအဖြစ်ကူးပြောင်းခြင်း
Fantasyဒီnovelလေးမှာ Arc 15ခုရှိပါတယ်နော်။ တတ်နိုင်သလောက်မြန်မြန်လေးupdateပေးပါမယ်။ ✌️