unicode
ယူယွီသည် အအေးစက်က ကိုလာကို သောက်ရင်း ခုံတန်းမှာ ထိုင်နေခဲ့သည်။ ဆေးရုံက သူထွက်မလာခင် ကျွင်းကျယ် ပိုက်ဆံအိတ်ထဲက ပိုက်ဆံအနည်းငယ်ကို ကျွင်းကျယ်ဆီ အိတ်ပြန်မပေးခင် ယူထားလိုက်သည်။ လုံဟွေ့နှင့် မျက်နှာချင်းမဆိုင်ခင်အထိ ယူယွီသည် သူ့လုပ်ရပ်ကို အတော်ကျေနပ်နေခဲ့သည်။
သူ့ရဲ့ယုံကြည်နိုင်လောက်တဲ့သရုပ်ဆောင်ချက်က လုံဟွေ့ကို ကောင်းကောင်း ကူညီနိုင်လိုက်တာကြောင့် သူပျော်သည်။ အမှန်အတိုင်းပြောရရင်၊ သူလိုချင်တာက လုံဟွေ့ကို ပိုကောင်းတဲ့လူဖြစ်အောင် လုပ်ဖို့ပဲ။ အဲဒီလူက သူ့အတွက် သို့မဟုတ် ကျွင်းကျယ်အတွက် အရမ်းကောင်းလွန်းနေခဲ့သည်။
"Ah အခု ငါ စိတ်သက်သာရာရသွားပြီ။ ငါ့အလုပ် ငါပြီးမြောက်အောင် လုပ်နေတုန်း လုံဟွေ့လည်း ရုပ်ရှင်စတားဖြစ်ဖို့ သူ့လမ်းသူလျှောက်တော့မယ်။ ပျူပါ ၊ ငါက တကယ်ကောင်းတယ်လို့ မင်းမထင်ဘူးလား"
[ ပျူပါ : ဒင်! ရန်လုံဟွေ့ရဲ့ ဖူးစာမီတာက ၇၀ % တိုးလာပါပြီ ]
[ ပျူပါ : ဒင်! ကွဲပြတ်မီတာက ၄၅% ပြန်ကျသွားပါပြီ ]
[ ပျူပါ : ဒင်! ကွဲပြတ်မီတာက ၄၀% ပြန်ကျသွားပါပြီ ]
[ ပျူပါ : ဒင်! ကွဲပြတ်မီတာက ၃၅% ပြန်ကျသွားပါပြီ ]
System ရဲ့ သတိပေးချက်ကို ယူယွီ နားလည်ဖို့ကြိုးစားရင်း မျက်တောင်အနည်းငယ်ခတ်လိုက်သည်။ "နေပါဦး ဘာတွေဖြစ်သွားတာလဲ!? "
ပျူပါသည် ယူယွီ၏ရှေ့တွင် ရုပ်လုံးပေါ်လာပြီး ယူယွီ၏ ခေါင်းပေါ်မှ ၎င်း၏ခန္ဓာကိုယ်ကို တိုက်မိအောင် လှည့်ပတ်ကာ "အိုး! ဟေး၊ အဲဒါ သေချာပေါက် ရည်ရွယ်ချက်ရှိရှိလုပ်တာပဲ!"
"တမင်လုပ်တာပဲလေ" ပျူပါသည် ခံစားချက်မဲ့စွာ ဆိုရင်း "အခု မင်းလုပ်ခဲ့တာကို မင်းသဘောပေါက်ပြီလား? "
"ဘာလဲ? လုံဟွေ့ကို လမ်းမှန်ရောက်အောင် ကူညီပေးနေတာလေ!"
"ကျွင်းကျယ်နဲ့ ဆက်ဆံရေးတုန်းက လုံဟွေ့ ရွေးခဲ့တဲ့လမ်းကိုပဲ မင်းအရှိန်မြှင့်ပေးလိုက်တာပဲ။ သူ့မှာ ဘယ်လို ကျောထောက်နောက်ခံမျိုး ရှိတယ်ဆိုတာ ငါမသိပေမယ့် အတော်အားကောင်းတဲ့ ကျောထောက်နောက်ခံဆိုတာ မင်းသိရဲ့လား ။ ဒါပေမယ့် အခု သူ့ကျောထောက်နောက်ခံကို ဆက်သွယ်ပြီး တူညီတဲ့ လမ်းကို လိုက်သွားတော့မယ်။" ပျူပါသည် ၁၅% ကျဆင်းသွားသော ကွဲပြတ်မီတာကို ပြသခဲ့သည်။ ၎င်းသည် ယူယွီ အတွက်အတော်လေးတုန်လှုပ်သွားခဲ့သည်။
YOU ARE READING
တတိယလူအဖြစ်ကူးပြောင်းခြင်း
Fantasyဒီnovelလေးမှာ Arc 15ခုရှိပါတယ်နော်။ တတ်နိုင်သလောက်မြန်မြန်လေးupdateပေးပါမယ်။ ✌️