unicode
သမ္မတရူ ပြန်လာပြီးနောက် တုရန်မြို့သည် ပို၍ အလုပ်များလာသည်။ သမ္မတပိဟယ်သည် သမ္မတရူအတွက် ရာထူးကို ပြန်လည်ပေးအပ်ခဲ့ပြီး ဒုသမ္မတ ရာထူးကိုသာ တစ်ဖန်ပြန်ယူခဲ့သည်။ ထိုအတောအတွင်း ဖုတ်ကောင်ဘုရင်သည် သမ္မတရူနှင့် တာဝါတစ်ခုတည်း အတူတူ နေထိုင်နေပြီး မတူညီသော အထပ်တွင် နေထိုင်သည်။
တကယ်တော့ ဖုတ်ကောင်ဘုရင်ကို ဘယ်သူမှ သဘောမကျကြပေ။ သူတို့က သူ့ကို သွေးအေးတဲ့ မကောင်းဆိုးဝါး တစ်ကောင် ဒါမှမဟုတ် သူအလိုရှိတဲ့အခါ သူတို့ရဲ့ ဦးနှောက်တွေကို ဖောက်စားပစ်မည့် ကြောက်စရာကောင်းသော ဖုတ်ကောင်တစ်ကောင်အဖြစ်သာ အမြဲမြင်နေကြသည်။ သူတို့သည် သူ့နောက်ကွယ်တွင် မကြာခဏ ဆဲဆိုလေ့ရှိသော်လည်း လင်းခိုင်ကတော့ ဒါတွေကို ဂရုစိုက်ပုံမပေါ်ပေ။
သူ့အာရုံတွေသည် ရူလန်တစ်ယောက်တည်းကိုသာ အာရုံစိုက်ခဲ့သည်။ ရူလန်က ဟုတ်တယ်ဆိုရင် သူ ခေါင်းညိတ်လိုက်မည်၊ ရူလန်က မဟုတ်ဘူးဆိုရင် သူခေါင်းခါပြမည်။ သူက ရူလန် အတွက် နာခံတတ်သော ခွေးလိမ္မာတစ်ကောင်နှင့်တူသည်။ လင်းခိုင်သည် ယခု သူ့စကားကို နာခံသောကြောင့် ယူယွီအတွက်တော့ ကျေနပ်စရာဖြစ်သည်။
သို့သော် ယနေ့ခရီးသည် ယခင်ကနှင့် အနည်းငယ်ကွာခြားပါသည်။ မြို့မြောက်ဘက်တွင် တောက်ပသောဦးခေါင်းရှိသော ဧရာမဖုတ်ကောင်တစ်ကောင်ရှိနေကြောင်း ကင်းထောက်က ရူလန်ကို သတင်းပို့သောကြောင့် ထိုသို့ သူတို့ တစ်နာရီကြာမျှ ကားဖြင့်သွားရမည်ဖြစ်သည်။
ဧရာမဖုတ်ကောင်သည် အလွန်ကောင်းမွန်သော ကိုယ်လုံးကိုယ်ပေါက်ရှိသည့် လူသားအဖြစ်မှ ရှားပါးသော ဖုတ်ကောင်အဖြစ် ပြောင်းလဲသွားသူဖြစ်သည်။ အနည်းဆုံး အမြင့် ၁၅ပေ သို့မဟုတ် ၄၅၀ မီတာခန့်ရှိပေမည်။ ပုံမှန်အားဖြင့် ကြီးမားပြီး သစ်ပင် သို့မဟုတ် ကျောက်တုံးကဲ့သို့သော လက်နက်များကို သယ်ဆောင်ထားလိမ့်မည်။ ၎င်းသည် အံ့သြဖွယ်ကောင်းအောင် တာရှည်ခံမှုနှင့် ခွန်အားလည်း ရှိသည်။
ဧရာမဖုတ်ကောင်တွင် တောက်ပေသော ဦးခေါင်းရှိနေရခြင်းသည် သူ့ဆီမှာရှိသော ဦးနှောက်ပုတီးစေ့သည် အလွန်အဖိုးတန်သည်ဟု ဆိုလိုသည်၊ တုရန်မြို့ သည် ၎င်းကို အသုံးပြုပြီး မြို့တွင်းလျှပ်စစ်ဓာတ်အားကို နှစ်နှစ် သို့မဟုတ် ထို့ထက်ပို၍သုံးနိုင်သည် ဒါမှမဟုတ်လည်း အခြားမြို့များသို့ ဈေးနှုန်းမြင့်မြင့်ဖြင့် ရောင်းချနိုင်မည်။
YOU ARE READING
တတိယလူအဖြစ်ကူးပြောင်းခြင်း
Fantasyဒီnovelလေးမှာ Arc 15ခုရှိပါတယ်နော်။ တတ်နိုင်သလောက်မြန်မြန်လေးupdateပေးပါမယ်။ ✌️