unicode
သုံးရက်ကြာ ခရီးထွက်ပြီးနောက် တုရန်မြို့သို့ သူတို့ ရောက်ရှိခဲ့ကြသည်။ လင်းခိုင် ဖန်တီးထားသော ဖုတ်ကောင်စစ်တပ်ထံမှ မြို့ကိုကာကွယ်ပေးနေတုန်းက သူဝတ်ဆင်ထားခဲ့သော အနက်ရောင်ဝတ်စုံကိုသာ ရူလန်ဝတ်ဆင်လာခဲ့သည်။
ရူလန် ပျောက်ဆုံးသွားပြီးနောက် ဘာမှ မပြောင်းလဲသွားဘဲ အရှေ့တံခါးကို စောင့်နေသော အစောင့်တွေသည် စကားစမြည်ပြောနေကြတုန်း၊ အဖိုးတန် ဦးနှောက်ပုတီးစေ့တွေ စုဆောင်းဖို့ စူးစမ်းလေ့လာရေး ကားတွေက မြို့ပြင်ကို ဝင်လိုက်ထွက်လိုက် လုပ်နေကြတုန်း ဖြစ်သည်။ ရူလန်သည် သူတို့၏မှတ်ဉာဏ်ထဲတွင် ဘယ်သောအခါမှ မတည်ရှိခဲ့သကဲ့သို့ ဘာမှမပြောင်းလဲသွားပေ။
အစောင့်တွေက ဂိတ်ရှေ့မှာ ရပ်ထားတဲ့ ကားသစ်တစ်စီးကို တွေ့ကြပြီး တုရန်မြို့မှာ အခြေချချင်တဲ့ လူသစ်တွေ ဖြစ်နိုင်တယ်လို့ သူတို့ ထင်ခဲ့ကြသည်။ သူတို့က ကားနားကို ချဉ်းကပ်လာပြီး ကားပြတင်းပေါက်ကို ခေါက်လိုက်သည်။
ကားပြတင်းပေါက် တံခါးပွင့်လာပြီး "ဟေး၊ မင်း -"
ခုနက စကားပြောနေသော အစောင့်သည် ပါးစပ်ကို ချက်ချင်းပိတ်လိုက်သည်။ သူ့မျက်နှာသည် မွန်းတည့်အချိန်၌ သရဲတစ္ဆေမြင်လိုက်ရသလိုမျိုး ဖြူဖျော့သွား၏။ ခန္ဓာကိုယ်မှာ တုန်ရီနေပြိး စကားတို့ ထွက်ကျလာသည်။ "သ—သမ္မတ... သရဲ! သရဲ!"
သမ္မတရူက အေးစက်စက် စိုက်ကြည့်နေသည်ကို မြင်လိုက်ရသော သူ့သူငယ်ချင်းသည် ကြက်သေ သေနေတုန်း အစောင့်က သူ့တဲထဲသို့ ပြေးသွားခဲ့သည်။ သမ္မတရူကို သရဲတစ္ဆေအဖြစ် ပြန်လာမည့်အချိန်ရှိမည်လို့ သူဘယ်တုန်းကမှ မသိခဲ့ဘဲ ကားဒရိုင်ဘာထိုင်ခုံမှာ ရှိနေသော တစ်စုံတစ်ယောက်ကို မြင်တွေ့လိုက်ရသောအခါ သူ့ကို ပို၍ပင် ကြောက်ရွံ့သွားစေခဲ့သည်။
ဖုတ်ကောင်ဘုရင် လင်းခိုင်က ကားကို မောင်းလာပြီး သူ့ရဲ့ ပယင်းရောင်မျက်လုံးများက သူ့ကို ရန်လိုစွာ စိုက်ကြည့်နေသည်။ "သ—သမ္မတ... ကျွန်တော်__ ကျွန်တော်__တောင်းပန်ပါတယ်"
YOU ARE READING
တတိယလူအဖြစ်ကူးပြောင်းခြင်း
Fantasyဒီnovelလေးမှာ Arc 15ခုရှိပါတယ်နော်။ တတ်နိုင်သလောက်မြန်မြန်လေးupdateပေးပါမယ်။ ✌️