Arc 3.21

3.5K 365 19
                                    

unicode

"သေစမ်း!"

ပိဟယ်သည် လက်ချောင်းပေါ်ရှိ လျှပ်စီးဘောလုံးကို လင်းခိုင်ဆီသို့ အရှိန်ပြင်းပြင်းဖြင့် ပစ်လွှတ်လိုက်လေသည်။ သူ့ခန္ဓာကိုယ်ကို ထိလိုက်တာနဲ့ ပေါက်ကွဲသွားနိုင်သည့် နီးကပ်လာသော အလင်းတန်းကို လင်းခိုင် ခံစားမိသည်။ သေချာပေါက် သူ့ရဲ့ လက်ရှိခန္ဓာကိုယ်ကို အစိတ်စိတ်အမွှာမွှာ ဖြိုခွဲဖျက်ဆီးပစ်လိမ့်မည်။ သို့သော် ယခုအခါ သူသည် ပုံမှန်လူသားတစ်ယောက်လိုမျိုး အားနည်းနေပြီး ရှောင်ရန် အချိန်မရှိပေ။

လင်းခိုင်သည် သူ့ကံကြမ္မာကို လက်ခံရန် မျက်လုံးများကိုမှိတ်ထားလိုက်သည်။ ထို့နောက် အားသန်သော လက်မောင်းတစ်ခုက သူ့ကို ဘေးသို့ ဆွဲထုတ်လိုက်ပြီး ပေါက်ကွဲသံကို ကြားလိုက်ရသည်။ လင်းခိုင် မျက်လုံးဖွင့်လိုက်သောအခါ သူသည် ချစ်ရသောရူလန်၏ ရင်ခွင်ထဲတွင် ရှိနေခဲ့သည်။

လင်းခိုင်က အံ့ဩသွားပြီး "ခင်များ ဒီမှာ ဘာလုပ်နေတာလဲ?!"

"အသိသာကြီးပဲ မဟုတ်လား? ငါမင်းကိုလာကယ်တာလေ!" ရူလန်သည် ဒေါသထွက်နေပုံရသော်လည်း လင်းခိုင် ရဲ့ မိုက်မဲတဲ့ ဆုံးဖြတ်ချက်အတွက် မဆူမငေါက်ချင်ပါပေ။ ဒါပေမယ့် ပိဟယ်က သူတို့ဆီကို နောက်ထပ်တိုက်ခိုက်မှု စေလွှတ်လိုက်တဲ့အတွက် ဆူငေါက်ဖို့လည်း အချိန်မရခဲ့ပေ။

ရူလန်သည် တိုက်ခိုက်မှုကို ရှောင်ရှားရန် နောက်ပြန်ဆုတ်လိုက်ပြီး ပိဟယ် ဆီသို့ လေဆာရောင်ခြည် လွှတ်လိုက်သော်လည်း အလွယ်တကူ လှည့်ထွက်သွားသည်။

" သူ့လို အသုံးမဝင်တဲ့အမှိုက်ကို မင်းဘာလို့ကာကွယ်နေရတာလဲ ရူလန်" ပိဟယ် က ပြုံးပြီး " သူက ဒီကမ္ဘာမှာ အသုံးမဝင်တဲ့ အသိစိတ်ပျောက် မကောင်းဆိုးဝါးတစ်ကောင်ပဲ ငါ့လိုမဟုတ်ဘူး!"

"မင်း အရမ်းလွန်သွားပြီ" ရူလန်က အေးစက်စွာပြောသည်။

"ငါ ဘာလုပ်နေလဲ ငါသိပါတယ်၊ အနည်းဆုံး မင်းရဲ့လက်ထဲက ဆွေးမြေ့နေတဲ့ ဖုတ်ကောင်နဲ့ ယှဉ်ရင်" ပိဟယ်သည် ရွဲ့လိုက်ပြီး "မင်းငါ့ကို ဘာလို့ စိတ်ဆိုးနေတာလဲ ? အနည်းဆုံးတော့ အခု ငါ ဘယ်သူ့ကိုမှ ထိခိုက်အောင် မလုပ်ထားဘူး။ ငါက မင်း ချစ်ရသူမဟုတ်ဘူးလား?"

တတိယလူအဖြစ်ကူးပြောင်းခြင်းWhere stories live. Discover now