unicode
ယူယွီ လှမ်းကြည့်လိုက်ပြီး မိုက်ကယ်က သူ့နောက် မနားတမ်းလိုက်နေတာ မြင်သောအခါ သူ တုန်လှုပ်သွားသည်။ တတ်နိုင်သမျှ အားကုန်ထုတ်ပြီး မြန်နိုင်သမျှမြန်အောင် ပြေးခဲ့သည်။ ယခုအချိန်တွင် သူလုပ်နိုင်သည့် အသင့်တော်ဆုံးအရာသည် အဝေးဆုံးထွက်ပြေးရန်သာဖြစ်သည်။
"မပြေးနဲ့! " မိုက်ကယ်သည် တောအုပ်ကိုဖြတ်ပြီး ယူယွီအနောက် လိုက်နေဆဲ။ သူတို့သည် တောလယ် နက်နက်ထဲရောက်လာပြီး နေဝင်ချိန်ဖြစ်သောကြောင့် အလင်းရောင်သည် တဖြေးဖြေး မှောင်မည်းလာခဲ့သည်။ မြို့စားသည် အလွန်လျင်မြန်ပြီး နောက်ဆုံးမှာတော့ မိုက်ကယ်သည် လူသားသာ ဖြစ်သောကြောင့် အသက်ရှုမောဟိုက်လာပြီး မြေပြင်ပေါ်ထွက်နေတဲ့ အမြစ်နှင့် ခလုတ်တိုက်လဲခဲ့သည်။
မိုက်ကယ်သည် မြေပြင်ပေါ်လဲကျနေပြီး နာကျင်မှုကြောင့် တုန်ရီနေသည်။ သူ့ခြေကျင်းဝတ်မှာ ဆိုးရွားစွာ အဆစ်လွဲသွားခဲ့သည်။
သူ့ အားအင်မှန်သမျှကို ပျောက်သွားတဲ့ မြို့စားနောက်လိုက်ဖို့ အသုံးပြုခဲ့ရတာကြောင့် မိုက်ကယ်သည် မြေပြင်မှာ မောဟိုက်စွာ အသက်ရှူနေရသည်။ မြို့စားဒမီယမ်သည် သာမာန်လူတစ်ယောက်မဟုတ်မှန်း သူခံစားလို့ရခဲ့ပြီး သွေးစုပ်ဖုတ်ကောင် တစ်ယောက်ဖြစ်နိုင်တာကို သူ ပင်ကိုယ်အသိဖြင့် သိနေခဲ့သည်။
သို့သော် မြို့စားတစ်ယောက် မသိလိုက်ဘဲ သူ့အစွယ်တွေ ပြလိုက်မိချိန်မှာတော့ မိုက်ကယ်ထိတ်လန့်သွားခဲ့သည်။ ပုံမှန်မိုက်ကယ်သာ ဆိုလျှင် သူ ချက်ချင်း ကျမ်းစာအုပ်ကိုဖွင့်ပြီး မကောင်းဆိုးဝါးကို ပျောက်ကွယ်သွားအောင် သုတ်သင်ပစ်လိမ့်မည်။ သို့ပေမဲ့ သွားစွယ်တွေ ထုတ်ပြီး ကြောင်ငေးနေသော မြို့စားကို မြင်သောအခါ မိုက်ကယ် သူ့စာအုပ်ကို ထုတ်ဖို့ ရုတ်တရက်မေ့သွားခဲ့သည်။
မိုက်ကယ် သက်ပြင်းချလိုက်ပြီး သူ့ကိုယ်သူ အရင်ကုဖို့ လုပ်ရတော့သည်။ ဝတ်ရုံအတွင်းက အိတ်ဆောင် ကျမ်းစာအုပ်ကို ရှာလိုက်သော်လည်း မတွေ့ခဲ့ပေ။
မိုက်ကယ်သည် မကောင်းသည့် အငွေ့အသက်ရပြီး အိတ်ကပ်ထဲ စာအုပ်ကို ထပ်ရှာခဲ့သော်လည်း လုံးဝနတ္ထိဖြစ်နေသည်။ "တစ်နေရာရာမှာ ပြုတ်ကျခဲ့တာလား?"
YOU ARE READING
တတိယလူအဖြစ်ကူးပြောင်းခြင်း
Fantasyဒီnovelလေးမှာ Arc 15ခုရှိပါတယ်နော်။ တတ်နိုင်သလောက်မြန်မြန်လေးupdateပေးပါမယ်။ ✌️