Unicode
အမှောင်ထု၌ ယူယွီသည် မင်းသားမိုက်ကယ်၏ မျက်နှာတော်ကို လေ့လာဆန်းစစ်နေခဲ့သည်။ သူသည် အရပ်ရှည်ပြီးငယ်ရွယ်သည်။ သူ့မှာ စူးရှသောအကြည့်ရှိသော်လည်း ကောင်လေးဆန်ပြီး ကြည်လင်သော ရုပ်ရည်သည် သူ့အပေါ် ကြောက်ရွံမှုလျော့ကျစေပြီး စွဲဆောင်မှုရှိသည်ဟုပင် ဆိုနိုင်သည်။
မင်းသားမိုက်ကယ်သည် ဧည့်ခန်းထဲ၌ ကျောကို ခပ်မတ်မတ်ထား၍ထိုင်နေခဲ့သည်။ သူသည် ဘာကြောင့်မှန်းမသိပေမဲ့ မြို့စားနဲ့ပတ်သက်ပြီး တစ်ခုခုလွဲမှားနေသည်ကိုတော့ သံသယဝင်နေခဲ့သည်။
မြို့စား ဒမီယမ် ဒယ်လ်ကိုစထရိုဆိုသူသည် အရင်မြို့စားရဲ့ ဒုတိယသားဖြစ်ပြီး သူ့အစ်ကိုသေဆုံးသွားကတည်းက အစ်ကိုအစား မြို့စားအသစ်ဖြစ်လာခဲ့သည်။ သူသည် အာဏာရှိပြီး ချမ်းသာသော်လည်း အမြဲသိုသိုသိပ်သိပ်နေတတ်သည်။ ဝန်ကြီးဖြစ်လာဖို့အထိ လွှမ်းမိုးမှုရှိသော်လည်း ဝန်ကြီးရာထူးကိုတောင်မှ ငြင်းဆန်ခဲ့သည်။
မည်သူတစ်ဦးတစ်ယောက်မှ သည်သိမ်မွေ့ကြော့ရှင်းသော မြို့စားအကြောင်းကို မေးခွန်းမထုတ်ရဲပေမဲ့ မင်းသားမိုက်ကယ်ကတော့ဖြင့် သည်ပုဂ္ဂိုလ်သည် ရိုးရှင်းသောသူမဟုတ်မှန်း ခံစားမိနေခဲ့သည်။
စိတ်ထင်တာဖြစ်ကောင်းဖြစ်နိုင်သော်လည်း နောက်ဆုံးတစ်ခေါက် ပွဲမှာတွေ့ကတည်းက မြို့စားရဲ့ပတ်ချာလည်မှာ နတ်ဆိုးဆန်သော အရောင်အဝါကို ခံစားလို့ရခဲ့သည်။ ထို့ကြောင့် သူ့ရဲ့ သံသယတွေကို ရှင်းလင်းဖို့လိုအပ်သည်။
"မြင့်မြတ်တဲ့ မင်းသားတော်မိုက်ကယ်က ဒီအချိန်ကြီးမှာ ကျွန်တော်မျိုးဆီလာရောက်တဲ့အတွက် ဝမ်းမြောက်မိကြောင်းပါ။ လာရင်းအကြောင်းလေး သိပါရစေ အရှင့်သား?" ယူယွီသည် စင်္ကြကနေ ပေါ်လာခဲ့သည်။ လရောင်သည် သူ့ရဲ့ဘေးတိုက်မျက်နှာပြင်မှာ ဖြာကျနေခဲ့သော်လည်း သူ့အသားအရေမှာ ဖြူဖျော့တာကြောင့် ယူယွီသည် နတ်ဆိုးအပြုံးနှင့် တစ္ဆေတစ်ကောင်လို ပုံပေါ်နေသည်။ မင်းသားမိုက်ကယ်သည် ပိုပြီးသတိထားနေခဲ့သည်။
မင်းသားမိုက်ကယ်ပြန်ဖြေခဲ့သည်က " ညထူးညမြတ်ပွဲကို မြို့စားဒမီယမ် ထပ်မံပျက်ကွက်ခဲ့သည်မို့ ရောက်လာရခြင်းပဲ"
YOU ARE READING
တတိယလူအဖြစ်ကူးပြောင်းခြင်း
Fantasyဒီnovelလေးမှာ Arc 15ခုရှိပါတယ်နော်။ တတ်နိုင်သလောက်မြန်မြန်လေးupdateပေးပါမယ်။ ✌️