unicode
ခွက်!
"အား....!" ပိဟယ်၏ နာကျင်စွာအော်သံသည် တစ်ခန်းလုံးပြည့်နှက်သွားသည်။ ပြင်းထန်သော ဝေဒနာကြောင့် သူသည် မူးမေ့လဲလုနီးပါး ဖြစ်နေသည်။ သူက သနားစရာကောင်းစွာ ရူလန်ကို စိုက်ကြည့်ရင်း "သ—သမ္မတ ရူ..."
ဒုသမ္မတ၏ အားပျော့သွားသော လက်ကောက်ဝတ်ကို ခံစားလိုက်ရသောအခါ ရူလန်၏ နှလုံးသားသည် တင်းကျပ်သွားသည်။ ပိဟယ်၏ ညာဘက်လက်ကောက်ဝတ်သည် ကျိုးသွားခဲ့သည်။ သူ့ခန္ဓာကိုယ်ကို လှုပ်ရှားနိုင်ရန် အတတ်နိုင်ဆုံး ကြိုးစားသော်လည်း ပြင်းပြင်းထန်ထန် ရုန်းကန်ပြီးတဲ့ နောက်မှာတော့ သူ့ရဲ့ ဘယ်လက်ကိုသာ လှုပ်ရှားနိုင်ခဲ့သည်။
ချစ်သူနှစ်ဦး တစ်ယောက်ကိုတစ်ယောက် နာကျင်စေသော မြင်ကွင်းကြောင့် လင်းခိုင်သည် အရူးတစ်ယောက်လို ရယ်မောနေချိန်တွင် ရူလန်သည် သူ့လက်ဖဝါးကိုဖြန့်လိုက်ပြီး လျှပ်စီးဘောလုံးသည် သူ့လက်ဖဝါးပေါ်တွင် ဝေ့ဝဲသွားသည်။ သူသည် လင်းခိုင်ကို အလယ်အလတ်အရွယ် လေဆာရောင်ခြည်ဖြင့် ပစ်ခဲ့သည်။
လင်းခိုင်သည် ရူလန်ကို အပြည့်အဝ ထိန်းချုပ်နိုင်သည်ဟု ထင်နေသောကြောင့် ရုတ်တရက် တိုက်ခိုက်မှုကို သတိမပြုမိပေ။ လေဆာရောင်ခြည်သည် သူ့ခန္ဓာကိုယ်ကို ထိမှန်ပြီး လင်းခိုင်ကို အခန်းရဲ့ တစ်ဖက်ဆီ လွှင့်ပစ်လိုက်သည်။ သူ့ခန္ဓာကိုယ်သည် နံရံနှင့် ရိုက်မိပြီး လင်းခိုင် ညီးတွားလိုက်သည် "Argh!"
ရူလန်သည် သူ့ခန္ဓာကိုယ်ကို သူပြန်ထိန်းချုပ်နိုင်ခဲ့သည်။ သူ ပိဟယ်ရဲ့ လက်ကောက်ဝတ်ကို လွှတ်ပေးလိုက်သည်။ ပိဟယ်သည် ထပ်ပြီး အံ့အားသင့်သွားသော်လည်း သူ့လက်ကောက်ဝတ်ကို သူ့ အခြားလက်တစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်ပြီး "ကျွန်တော်-ကျွန်တော် အဆင်ပြေပါတယ် သမ္မတ။ ကျွန်တော် ကုနိုင်ပါတယ်"
ရူလန်သည် နာကျင်နေသော ပိဟယ်ကို ကြည့်ကာ သူ့ရင်ထဲတွင် ဝမ်းနည်းလာသည်။ "ငါ တောင်းပန်ပါတယ်"
[Aah! ဒီမကောင်းဆိုးဝါး အဓိက ဇာတ်ကောင် ! ငါသူ့ကိုသတ်မယ်!]
[ ပျူပါ : မင်း သတ်လိုက်ရင် အစက ပြန်စရမှာနော် ]
YOU ARE READING
တတိယလူအဖြစ်ကူးပြောင်းခြင်း
Fantasyဒီnovelလေးမှာ Arc 15ခုရှိပါတယ်နော်။ တတ်နိုင်သလောက်မြန်မြန်လေးupdateပေးပါမယ်။ ✌️