unicode
ခွက်!
သူအားဖြင့် ဖြစ်ညှစ်မိလိုက်သောကြောင့် လုံဟွေ့ဖုန်းသည် အက်သွားခဲ့သည်။ ကျွင်းကျယ်ရဲ့ လျှာသည် ယူယွီရဲ့ပါးစပ်ထဲ ကျူးကျော်ဝင်ရောက်သွားသည်ကို လုံဟွေ့မြင်လိုက်သောအခါ သူ့စိတ်တွေ ဗလာကျင်းသွားပြီး ကျွင်းကျယ်နှင့် ယူယွီဆီ ကမှူးရှူးတိုး ပြေးသွားကာ သူတို့ကို ဆွဲခွာလိုက်ပြီး ကျွင်းကျယ်၏ ကော်လံကို ဆွဲလိုက်သည်။
ကျွင်းကျယ်သည် ယူယွီနှင့် အခိုက်အတန့်ကို ပျော်ဝင်နေခဲ့တာကြောင့် လုံဟွေ့ သူ့ကော်လံစကိုဆွဲပြီး နှာခေါင်းတည့်တည့်ထိုးချလိုက်ချိန်တွင် ကောင်းကောင်းပြန်မတုံ့ပြန်နိုင်ခဲ့ပေ။ ကျွင်းကျယ်သည် မြေပြင်ပေါ် လဲကျသွားပြီး သူ့နှာခေါင်းမှ သွေးများ စီးကျလာသည်ကို ခံစားလိုက်ရသည် ။
လုံဟွေ့သည် သူ့ဒေါသကို လွှတ်လိုက်ပြီး ကျွင်းကျယ်၏ ဗိုက်ကို အကြိမ်အနည်းငယ် ကန်ထုတ်လိုက်ပြီး ကျွင်းကျယ်သည် နာကျင်မှုကြောင့် ညည်း၍သာနေနိုင်သည် ။ လုံဟွေ့သည် တကယ်ကို ပြင်းပြင်းထန်ထန်ကန်နေသောကြောင့် ကျွင်းကျယ်သည် လဲကျရာမှ ပြန်မထနိုင်ခဲ့ပပေ။ လုံဟွေ့သည် ဘာမှတွေးမနေနိုင်တော့ဘဲ ဒီအချိန်မှာဒေါသက သူ့ရဲ့ အသိဉာဏ်ကို ဝါးမြိုသွားသည်။
ဒါက သူ့ဘဝမှာ ပထမဆုံးအကြိမ် ချိန်းတွေ့တာမို့ လုံဟွေ့သည် ချိုမြိန်သော ဒိတ်တစ်ခုကို မျှော်လင့်ခဲ့သည်။ သူသည် ဘဝကို စက်ရုပ်တစ်ရုပ်လို ၁၇နှစ်ကြာအောင် ရှင်သန်ခဲ့ပြီး ဒါသည် ပထဆုံးအကြိမ် တစ်စုံတစ်ယောက်အပေါ် သူ့စိတ်ကိုဖွင့်ပြခြင်း ဖြစ်သည်။
သူသဘောပေါက်ဖို့ နည်းနည်းနောက်ကျသွားတာ ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ ယူယွီကို ပထဆုံးတွေ့ချိန်ကတည်းက သူသဘောကျသွားခဲ့တာ ဖြစ်မည်။ ဘာလို့ဆို ယူယွီသည် စက်ဆုပ်ရွံရှာမှုမရှိသော တစ်ဦးတည်းသောလူဖြစ်ပြီး အထက်တန်း နှစ်နှစ်စလုံး သဟဇာတဖြစ်အောင် သူနှင့် လိုက်လျောညီထွေ နေခဲ့သည်။
သို့သော် ယခုမူ နောက်ဆုံး သူ အချစ်ကို ခံစားသိရှိလာရသော အချိန်တွင် သည်လူယုတ်မာ ကျောင်းကျွင်းကျယ်သည် သူ့အချစ်ဦးကို တပ်မက်ပြီး အလွယ်တကူလုယူသွားသည်။
YOU ARE READING
တတိယလူအဖြစ်ကူးပြောင်းခြင်း
Fantasyဒီnovelလေးမှာ Arc 15ခုရှိပါတယ်နော်။ တတ်နိုင်သလောက်မြန်မြန်လေးupdateပေးပါမယ်။ ✌️