Arc 3.1(ဖုတ်ကောင်က ရွက်ဖျင်တဲကြီး ထိုးနိုင်လား?)

6.8K 552 22
                                    

unicode

"သမ္မတရူ အဆင်ပြေရဲ့လား?" ယူယွီမျက်လုံးဖွင့်လိုက်သည်။ သူသည် ငယ်ရွယ်ပြီး သန်စွမ်းသော သက်တူရွယ်တူ အမျိုးသားအချို့၏ ဝန်းရံခြင်းကို ခံထားရသည်။ သူ့မျက်လုံးများသည် ခဏ ပြန်မှေးလိုက်သည်နှင့် နူးညံ့သိမ်မွေ့သောအသွင်အပြင်နှင့် အလွန်ချောမောသော အမျိုးသားတစ်ဦးသည် သူ့လက်ထဲမှ ထွက်လာသော အလင်းရောင်ကို မျက်နှာပေါ် သွန်းလောင်းနေသည်ကို တွေ့လိုက်ရသည်။ အလင်းရောင်သည် သူ့မျက်နှာကို ဖျာကျနေပြီး ၎င်းသည် တစ်နည်းနည်းဖြင့် နာကျင်နေသော ခန္ဓာကိုယ်ကို သက်သာစေသည်။

သူ့ခန္ဓာကိုယ်သည် နာကျင်နေသည်။ နာကျင်မှုကို ဘယ်လိုဖော်ပြရမလဲမသိ။ ဟန်ယဲ့ရဲ့ ဝမ်းဗိုက် ကြွက်သားလှလှကို အားကျပြီး Gym ဆော့ဖို့ ကြိုးစားတဲ့အချိန်ကလို သူ့တစ်ကိုယ်လုံးမှာ ကြောက်စရာကောင်းလောက်အောင် ကြွက်တက်နေခဲ့သော နာကျင်မှုမျိုးလို ဖြစ်နိုင်သည်။ သူသည် သုံးရက်ဆက်တိုက် အကြောကပ်နေခဲ့ဖူးသည်။

ဆေးရုံအရေးပေါ်ဝန်ဆောင်မှုကို ခေါ်ခဲ့ရပြီး ဆရာဝန်က အကြောင်းရင်းကို မေးချိန်တွင် သူက ဆွဲဆောင်မှုရှိသော ကြွက်သားတွေကို လိုချင်လို့ပါ ဟုသာ ပြန်ဖြေခဲ့ရသည်။

ယူယွီသည် ဤချောမောလှပသော နူးညံ့သည့်မျက်နှာကို တစ်ဖန် ကြည့်လိုက်ပြီးနောက် ဝန်းရံနေသော အမျိုးသားငယ်တိုင်းကို စစ်ဆေးရန် ဝေ့ဝဲကြည့်ရှူလိုက်သည်။

[ ချောမောလှပသော လူငယ်တွေ အများကြီး ဝန်းရံခံရဖို့ ငါက ကောင်းကင်ဘုံမှာများလား။ ]

[ ပျူပါ : မင်းသာ ကောင်းကင်ဘုံကို သွားနိုင်ရင် အံ့သြစရာပဲ။ ]

[ တကယ်ပဲ ငါဘယ်ရောက်နေတာလဲ? ]

[ ပျူပါ : ဖုတ်ကောင်ကမ္ဘာပျက် ။ မင်းရဲ့ဇာတ်ကောင်က ဒီဒေသမှာ အကြီးဆုံးအခြေချနေထိုင်မှုရဲ့ ခေါင်းဆောင် ရူလန်။ မင်းက အစွမ်းထက်တဲ့ စွမ်းရည်အသုံးပြုသူတစ်ယောက်ဖြစ်ပေမယ့်၊ အချက်အလက်တွေ အရတော့ မင်းက ရေခဲစွမ်းရည်အသုံးပြုသူဖြစ်သင့်တာ။ ဒါပေမဲ့ အဲ့တာက ရုတ်တရက် ... လျှပ်စီးကြောင်းစွမ်းရည် အသုံးပြုသူအဖြစ် ပြောင်းလဲသွားတယ်။]

တတိယလူအဖြစ်ကူးပြောင်းခြင်းWhere stories live. Discover now