Arc 3.15

2.8K 409 11
                                    

unicode

ရူလန် နှင့် လင်းခိုင် သည် ယူယွီ သည်းမခံနိုင်တော့သည်အထိ ဤအိမ်တွင် နောက်ထပ်တစ်လလောက်နေခဲ့သည်။ သူသည် လင်းခိုင်ကို ဖြားယောင်းသွေးဆောင်ရန် နေ့တိုင်း အတတ်နိုင်ဆုံး ကြိုးစားနေသည်၊ အဘယ်ကြောင့်ဆိုသော် ရူလန် ၏ ကမ္ဘာနောက်ခံအခြေအနေကြောင့် သူသည် တစ်စုံတစ်ဦးအား သူ့စိတ်ဝင်စားမှုကို တိုက်ရိုက်မပြနိုင်ပေ သို့မဟုတ် ပြမိသည်ရှိသော် သူသည် ကမ္ဘာမှ နှင်ထုတ်ခံရမည် ဖြစ်သည်။

[အာ! ငါလက်လျှော့လိုက်ပြီ! လင်းခိုင်က လုံးဝဖြူစင်တဲ့ ကြာပန်းဖြူလေးပဲ! သူဘာလုပ်လဲဆို ဟင်းချက်၊ အိမ်သန့်ရှင်းရေးလုပ်၊ အင်္ကျီတွေလျှော်တယ်။ သူက အိမ်ရှင်မကောင်းတစ်ယောက်လိုပဲ! ]

[ ပျူပါ : ဒါ ပိုကောင်းတာမဟုတ်ဘူးလား? လင်းခိုင် က မင်းနဲ့တွေ့ပြီးနောက်ပိုင်း တော်တော် ယဉ်ပါးသွားတာ လှည့်ပတ်ပြီး ကြုံသလို လူတွေကို သတ်လေ့မရှိဘူး၊ မင်းနဲ့အတူ အိမ်ထဲမှာပဲနေတယ်။ ဒါကို ငြိမ်းချမ်းတဲ့ဘဝလို့ ငါတော့ မြင်တယ်။]

[ငြိမ်းချမ်းပေမဲ့ ပျင်းစရာကြီး! သူက ငါ့ကိုထိတောင် မထိဘူး!]

ယူယွီသည် သူ့ကိုယ်သူ မှန်ထဲတွင် စစ်ကြည့်သည်၊ သူ့တင်ပါးကို ပိုကြည့်ကောင်းစေရန် နေ့တိုင်း ထိုင်ထလုပ်သော်လည်း အလုပ်မဖြစ်ပေ။

[ ပျူပါ : မင်း လေ့ကျင့်ခန်းတွေ အကြောင်း လုံးဝမသိဘူး မဟုတ်လား?]

[ဟီးဟီး... ငါပြောချင်တာက ရူလန် ရဲ့ သဘာဝအတိုင်း မိုက်တဲ့ ခန္ဓာကိုယ်ကို ကျေးဇူးတင်ရမယ်။]

ယူယွီသည် ခန္တာကိုယ်ကြံ့ခိုင်မှုအကြောင်း ဘာမှမသိသော်လည်း ရူလန်၏ သဘာဝကိုယ်ခန္ဓာသည် ဖြောင့်နေသော ယောက်ျားများကို ကျောရိုးကျိုးသွားသည်အထိ ကွေးသွားအောင် အမိုက်စား ကိုယ်ရောင်ကိုယ်ဝါကို ထုတ်ပေးသည်။ သို့သော် သူ့ကလွဲ၍ ဤအိမ်တွင် တစ်ဦးတည်းသောလူသည် လင်းခိုင် သာရှိသည်။

ပြီးတော့ ရူလန်က လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါ သူ့ကို ကြည့်သည့်အခါတိုင်း အဲဒီလူက ပုန်းနေလိမ့်မည်။

တတိယလူအဖြစ်ကူးပြောင်းခြင်းWhere stories live. Discover now