unicode
"ငါက ဖုတ်ကောင်ဘုရင် လင်းခိုင်ပါ။ ရူလန်၊ မင်း ငါ့ဦးနှောက်ကို စားအောင်လုပ်ပြမယ်"
[...]
[ ပျူပါ :...]
[ ငါကြားလိုက်တာ မှန်တယ်မလား? ]
[ပျူပါ : အင်း ]
[ သူ့ဦးနှောက်ကို စားရမယ်? ငါမလုပ်နိုင်ဘူး __ ဖုတ်ကောင်ဦးနှောက်ကိုစားဖို့ စိတ်ကူးကြည့်လို့တောင်မရဘူး! ရွံစရာ! ]
[ ပျူပါ : ဖုတ်ကောင်ဦးနှောက်က ဦးနှောက်ပုတီးစေ့ပုံစံနဲ့လာတာလေ မှတ်မိလား? ဒါကြောင့် သူက မင်းကို သူ့ရဲ့ ဦးနှောက်ပုတီးစေ့ကို စားစေချင်တယ်လို့ ဆိုလိုတာ။ ]
[ အဲ့တာလည်း ရွံစရာကောင်းနေတုန်းပဲ! ]
[ ပျူပါ : ဒါက အရင်ကမ္ဘာတုန်းက ပိဟယ်ဆီမှာ ဖြစ်ခဲ့တာ ဖြစ်မယ်၊ သူက လင်းခိုင်ရဲ့ ဦးနှောက်ပုတီးစေ့ကို စားလိုက်လို့ ရက်စက်ကြမ်းကြုတ်လာပြီး အထိန်းအချုပ်မဲ့လာတာ။ သနားဖို့ကောင်းလိုက်တာ၊ သူက လူကောင်းကို။]
[ငါကရော? အဲ့တာစားရမယ့် ငါ့ကိုရော မသနားဘူးလား? ]
[ ပျူပါ - အချိန်မရွေး အစက ပြန်စဖို့ ရွေးလို့ရတယ်နော် ]
...
ရူလန်၏ ကြောက်လန့်နေသော အမူအရာကြောင့် လင်းခိုင်ကျေနပ်သွားသည်။ သိသိသာသာ မဖော်ပြသော်လည်း အကြည့်လွှဲဖို့ ကြိုးစားတာမျိုး၊ မကြာခဏ တံတွေးမျိုချတာလိုမျိုး အပြုအမူသေးသေးလေးတွေကနေ လင်းခိုင် သတိပြုမိသည်။
လင်းခိုင်သည် ရူလန်၏ မေးရိုးကို ဖြစ်ညှစ်လိုက်ပြီး အတင်းပါးစပ်ဟစေကာ ရူလန်၏ ပန်းရောင်လျှာကို မြင်သောအခါ ပြုံးလိုက်သည်။ "သမ္မတ ရူမှာ အရမ်းကောင်းတဲ့ လျှာရှိတာပဲ။ အဲ့တာက ငါ့ကို ဆွဲထုတ်ချင်စေတယ်"
လင်းခိုင်သည် ခေါင်းကို ငုံ့လိုက်ပြီး သူတို့နှုတ်ခမ်းချင်းဆုံသွားတယ်။ လင်းခိုင်၏လျှာသည် ယူယွီ၏ပါးစပ်အတွင်းသို့ နက်ရှိုင်းစွာ ကျူးကျော်ဝင်ရောက်သွားခဲ့သည်။ ယူယွီသည် သူ့ပါးစပ်အတွင်းသို့ ရုတ်တရက်ဝင်ရောက်လာသော အရိုင်းဆန်သည့်လျှာကို တွန်းထုတ်ရန် ကြိုးစားသော်လည်း လင်းခိုင်သည် သူ့ခန္ဓာကိုယ်ကို ရုတ်တရက် အေးစက်တောင့်တင်းသွားစေအောင် တစ်ခုခုလုပ်လိုက်သည်။
YOU ARE READING
တတိယလူအဖြစ်ကူးပြောင်းခြင်း
Fantasyဒီnovelလေးမှာ Arc 15ခုရှိပါတယ်နော်။ တတ်နိုင်သလောက်မြန်မြန်လေးupdateပေးပါမယ်။ ✌️