Arc 2.1 စာသင်ကျောင်းဇာတ်လမ်း၊သုံးပွင့်ဆိုင် အချစ်နဲ့ သေနတ်...

7.8K 689 10
                                    

unicode

ယူယွီသည် သူ့စိတ်ကို တစ်မိနစ်လောက် ကြိတ်ဆုံထဲ ထည့်မွှေသလို ခံစားလိုက်ရသည်။ မြင်နေကျ အလင်းရောင်တွေ သူ့ကို ရစ်သိုင်းပြီးသည့်နောက်မှာတော့ သူ နောက်ကမ္ဘာထဲကို ခုန်ကူးသွားခဲ့ပြီဖြစ်သည်။ သူ့ခန္တာကိုယ်ကို အပြည့်အဝ ထိန်းချုပ်နိုင်ဖို့ အချိန်အတော်ယူလိုက်ရပြီး ကြာလွန်းလို့ ယူယွီ သူ့ကိုယ်သူ လေဖြတ်နေသည်ဟုပင် ထင်လိုက်သည်။

[ system, ငါဘာလို့ အားနည်းနေသလို ခံစားနေရတာလဲ? ]

[ ပျူပါ : ဘာလို့ဆို မင်းရဲ့ လက်ရှိကိုယ်က အားနည်းတဲ့ ကျောင်းသားလေးရဲ့ ခန္တာကိုယ်ပဲလေ ]

[ အာ... ] ယူယွီသည် ပတ်ဝန်းကျင်ကို စစ်ဆေးဖို့ မျက်လုံးကို ဝေ့ကြည့်လိုက်သည်။ သူသည် မှောင်မဲ စွတ်စိုသော အခန်းတစ်ခုထဲ ရောက်ရှိနေသည်။ အခန်းကျဉ်းကျဉ်းလေးဖြစ်ပြီး ကြွက်သေက လာတဲ့ ပုပ်အက်အက်အနံ့မျိုး တစ်ခန်းလုံးဖုံးလွှမ်းနေသည်။ လေဝင်ပေါက်လိုမျိုး ကျိုးတို့ကျဲတဲ သတ္တုချောင်းနဲ့ ပြတင်းပေါက် တစ်ခုရှိသော်လည်း သိပ်ပြီး အကျိုးမသက်ရောက်ပေ။

[ သိုလှောင်ခန်းထဲ ရောက်နေတာလား? ]

[ ပျူပါ : စွန့်ပစ်ထားတဲ့ သိုလှောင်ခန်း။ သည်ကမ္ဘာရဲ့ အရှင်သခင် ကျောင်းကျွင်းကျယ်က မင်းကို ထည့်ပိတ်ထားတာ။ သူက သည်အထက်တန်းကျောင်းက အားကောင်းတဲ့ ကျောင်းတွင်းအနိုင်ကျင့်တဲ့သူပဲ ]

[ ငါကရော? ]

[ ပျူပါ : မင်းကတော့ သည်အထက်တန်းကျောင်းရဲ့ ဆင်းရဲပြီး နုံချာတဲ့ ကျောင်းသားပေါ့။ ဆင်းရဲလွန်းလို့ ပညာသင်ဆုထောက်ပံ့ကြေးတွေနဲ့ အသက်ဆက်ရှင်နေရတာ။ သည်ကမ္ဘာက မင်းရဲ့ နာမည်က လီယူယွီ ]

[ hey! အဲ့တာ ငါ့နာမည်ပဲ! ] သူ့ရှေ့မှာ ပေါလောမျောနေသော ပေါက်ဖက်ကို ယူယွီ သံသယအကြည့်တို့ဖြင့် ကြည့်လိုက်သည်။

[ တိုက်ဆိုင်တာလား ငါ့ကို ထပ်ပြီး အနိုင်ကျင့်ဖို့ နည်းလမ်းလား ပျူပါ? ]

[ ပျူပါ : တိုက်ဆိုင်တာပါ ] ပေါက်ဖက်သည် ခံစားချက်မဲ့စွာ ပြန်ဖြေလိုက်လေသည်။ သူက ယူယွီအနားမှာ လှည့်ပတ်နေပြီး စကားဆိုလိုက်သည်။ [ ကိုယ့်အခန်းကို ပြန်သင့်ပြီ။ ကြာကြာဆက်နေရင် မင်းဖျားလိမ့်မယ် ]

တတိယလူအဖြစ်ကူးပြောင်းခြင်းWhere stories live. Discover now