Arc 2.12

4.4K 584 0
                                    

unicode

[ ပျူပါ : ဒင်! ကျောင်းကျွင်းကျယ်ရဲ့ ဖူးစာမီတာ ၅၀% အထိတိုးလာပါပြီ။]

[ ပျူပါ : မင်းဘာတွေ လုပ်နေတာလဲ? မင်းလုပ်နေတာတွေ အဓိပ္ပာယ်မရှိဘူး။ မူရင်း လီယူယွီက လုံဟွေ့ကို ကြိုက်နေတယ်ဆိုတာ မမှတ်မိဘူးလား? မင်း OOC ဖြစ်နေရင် ငါတို့ ကန်ထုတ်ခံရလိမ့်မယ် သိလား ]

[ အင်း ငါသိပါတယ်။ ဒါပေမဲ့ လီယူယွီက သူ့အချစ်အကြောင်း လုံဟွေ့ အပေါ် ဝန်ခံဖူးလို့လား? မလုပ်ဖူးဘူးမလား? ဒါဆို လုံဟွေ့အတွက် လီယူယွီရဲ့ အချစ်က ဘယ်တော့မှ အသိမှတ်ပြုခံရမှာမဟုတ်ဘူး။ ငါက ဇာတ်အိမ်ရဲ့ ယိုပေါက်ကို မြင်တယ်။ ပြီးတော့ ကျွင်းကျယ်ကို တိုက်ရိုက် ဝန်ခံလိုက်တာမှမဟုတ်တာ။ ငါ့အပေါ် အထင်မြင်သေးခဲ့တဲ့ တစ်စုံတစ်ယောက်ကို ကြိုက်နေတယ်ပဲ ပြောတာလေ အဲ့တာက ကျွင်းကျယ်ကိုရော လုံဟွေ့ကိုရော ရည်ညွှန်းလို့ရတာပဲ။ ကျွင်းကျယ်ကသာ ငါသူ့ကို ရည်ရွယ်တာလို့ ထင်သွားတာလေ ]

[ အဲ့တာကြောင့် OOC သတိပေးသံက မမြည်လာသေးတာ ]

[ ပျူပါ : ဟုတ်ပါတယ်လေ ။ သည်ကမ္ဘာက အရှင်သခင်တွေက မင်းနဲ့ပတ်သက်ပြီး တစ်ခုခု မှားနေတယ်လို့ သတိပြုမိရင်လည်း ငါတို့ကို ချက်ချင်း ကန်ထုတ်ပြီးလောက်ပြီ။ ဒါနဲ့ ကျွင်းကျယ် ရှေ့မှာ ဘာလို့ ဝန်ခံရတာလဲ ]

[Tsk... tsk... tsk... system ၊ ဒါက မင်း ဒီကမ္ဘာကို ပြီးမြောက်အောင် အလုပ်လုပ်ပုံပဲ။ ဒီကမ္ဘာမှာ ချစ်ဖို့ပဲလိုတယ် လို့ မင်းပြောခဲ့တယ် မဟုတ်လား ဒါကြောင့် အချစ်သက်သက်နဲ့ ဒီကမ္ဘာကို ငါ ပြီးမြောက်အောင် လုပ်နိုင်တယ် ။]

[ ပျူပါ : အဲ့တာက မင်းကောင်းကောင်း လုပ်နိုင်ဦးမှလေ။ သူ့ကို ဘာလို့ အဲ့လိုမျိုး ဝန်ခံလိုက်ရတာလဲ? လုံဟွေ့ကိုရော ဘယ်လိုလုပ်မလဲ? ]

[ မင်းလည်း သိတာပဲ သည်ကမ္ဘာကို ပြီးမြောက်ဖို့အတွက် သူတို့ထဲက တစ်ယောက်ယောက်ကို ငါချစ်ရမှာပဲ။ လုံဟွေ့အပေါ် ငါပိုပြီး စိတ်ဝင်စားတာမှန်ပေမဲ့ ကျွင်းကျယ်ကလည်း ထည့်တွက်ရမယ့်လူဆိုတာ ငြင်းလို့မှ မရဘဲ။ ငါသာ လုံဟွေ့နဲ့ ဆက်သွားနေရင် ကျွင်းကျယ်က ငါတို့ကို နှောက်ယှက်တာ ဘယ်တော့မှ ရပ်မှာ မဟုတ်ဘူး။ ကျွင်းကျယ် မိသားစုက အစွမ်းထက်တယ်။ တက်သစ်စ သရုပ်ဆောင် တစ်ယောက်က အင်အားကြီးတဲ့ မိသားစုကို ဆန့်ကျင်ပြီး ဘာလုပ်နိုင်မှာလဲ? ကျွင်းကျယ်က လုံဟွေ့ တက်လမ်းကို ချက်ချင်း အဆုံးသတ်ပစ်လိုက်လို့ ရတယ် ]

တတိယလူအဖြစ်ကူးပြောင်းခြင်းWhere stories live. Discover now