Unicode
"ထစမ်း ပုစွန်ဆိတ်ကောင် ငါ့အိမ်စာတွေ အခုလုပ်ပေးစမ်း"
ယူယွီသည် သည်ဘက်ကမ္ဘာရဲ့ ဒုတိယမြောက်အရှင်သခင် ကျောင်းကျွင်းကျယ်ကို အူကြောင်ကြောင်ဖြင့် ပြန်ကြည့်ခဲ့သည်။ မြေကြီးမှာ လဲနေရာကနေ ဖုန်ခါကာ ထလာခဲ့ပြီး ဖြည်းဖြည်းချင်း ပြောလိုက်သည်။ "မကြာခင် အတန်းစတော့မှာ ငါဘယ်လိုလုပ်__"
"ဟ? ဘယ်လို? ပုစွန်ဆိတ်က စကားကိုတောင် ရှင်းရှင်းလင်းလင်း မပြောနိုင်ဘူး" ကျွင်းကျယ်သည် ခါးကို ကိုင်းလိုက်ပြီး သူ့နားကို တမင် ယူယွီပါးစပ်နားကပ်ကာ "ပြန်ပြောစမ်း!"
သည်တစ်ကြိမ်တော့ ယူယွီ အမှန်တကယ် ကြောက်လန့်သွားခဲ့သည်။ ကျွင်းကျယ်သည် လုံဟွေ့နှင့် အရပ်အတူတူလောက်သာ ရှိသော်လည်း ပိုစူးရှပြီး ရက်စက်သောပုံပေါ်သောကြောင့် ယူယွီတစ်ယောက် ကျားနှင့် မျက်နှာချင်းဆိုင်နေရသလိုပေ။ ယူယွီ တံတွေးမြိုချလိုက်ပြီး system ကို လှမ်းမေးလိုက်သည်။
[ ငါ ငြင်းလိုက်ရင် သူ ငါ့ကို ရိုက်မှာလား? ]
[ ပျူပါ : သေချာတာပေါ့ ]
ယူယွီသည် နောက်တစ်ကြိမ် တံတွေးမြိုချလိုက်ပြီး "ငါ _ ငါ လုပ်ပေးပါ့မယ်..."
အဖြေကို ကျေနပ်သွားတော့ ကျွင်းကျယ်ပြုံးပြီး ယူယွီ့ကျောကို ပုတ်လိုက်သည်။ "ဒါပဲ ငါကြားချင်တာ။ အနည်းဆုံးတော့ မင်းလို ပုစွန်ဆိတ်က အသုံးဝင်သေးတာပဲ"
စကားပန်းပင်တစ်ခုအောက်တွင် ကျွင်းကျယ်ထိုင်လိုက်ပြီး သူ့လက်ကို ခေါင်းနောက်သို့ ထားကာ အေးအေးဆေးဆေး အနားယူနေခဲ့သည်။ ယူယွီသည် သက်ပြင်းချဖို့သာ တတ်နိုင်ပြီး သစ်ပင်အောက်က ကျွင်းကျယ်နောက် လိုက်သွားခဲ့သည်။ ကျွင်းကျယ်ဘေးတွင် ဝင်ထိုင်ကာ သူ့အိမ်စာတွေ အကုန်လုံး အမြန်လုပ်ပေးလိုက်သည်။
သူ့ကမ္ဘာအစစ်၌ ယူယွီသည် စာလုပ်ရာမှာ အလွန်တော်သောကြောင့် သည်လိုအိမ်စာလောက်ကတော့ သူ့အတွက် လုပ်ရတာ အခက်အခဲမရှိ။ ယူယွီ ခပ်မြန်မြန်သာ ရေးလိုက်ပြီး ကျွင်းကျယ်က သူ့အိမ်စာကို သည်ပုစွန်ဆိတ်ကောင် တကယ် လုပ်ပေး၊မပေး တစ်ချက်လှမ်းကြည့်လိုက်သောအခါ ယူယွီ၏ အိမ်စာလုပ်သော အရှိန်ကိုကြည့်ပြီး စိတ်ကျေနပ်သွားရသည်။
YOU ARE READING
တတိယလူအဖြစ်ကူးပြောင်းခြင်း
Fantasyဒီnovelလေးမှာ Arc 15ခုရှိပါတယ်နော်။ တတ်နိုင်သလောက်မြန်မြန်လေးupdateပေးပါမယ်။ ✌️