unicode
[ ပျူပါ : မင်း ၅ နာရီလုံးလုံး ငေးငိုင်နေတာ လုပ်စရာမရှိဘူးလား ]
မိုက်ကယ် သူ့ခံစားချက်တွေကို ဝန်ခံလိုက်သည့် အချိန်မှစပြီး ယူယွီတစ်ယောက် ၅နာရီလုံးလုံး လသာဆောင်မှာ ထိုင်နေသည်ကို မြင်သောအခါ system သည် တစ်နည်းအားဖြင့် စိုးရိမ်စပြုလာသည်။ တစ်ယောက်ယောက်က သူ့ကို ဖွင့်ပြောလာမယ်လို့ မမျှော်လင့်ထားသည့်အပြင် ထိုတစ်ယောက်ကလည်း သူ့ရန်သူဖြစ်နေသောအခါ ယူယွီကို ရှော့ရသွားစေသည်၊
[ ပျူပါ မင်း ငါ့ခံစားချက်တွေကို အခုချက်ချင်း နားမလည်နိုင်ဘူး! ၃၆၅ x ၁၉ ရက်အထိ ငါက ရေမရောတဲ့ လူပျိုစစ်စစ်ဖြစ်နေတာ! ၁၉ နှစ်တာ ဘဝတစ်လျှောက်လုံး တစ်ယောက်တည်းဖြစ်လာခဲ့တာ ကျောင်းသားဘဝမှာ ကောင်မလေးတွေဆီကရော ကောင်လေးတွေဆီကရော အနမ်းလေးတောင် မရခဲ့ဖူးဘူး! ]
[ ပျူပါ : ဘယ်လိုတောင်... သနားစရာကောင်းလိုက်လဲကွာ ]
[ ဆိုလိုရင်းကို လွဲနေပြီ! ] system ရဲ့ တစ်ဝက်တစ်ပြတ် တုံြ့ပန်မှုကြောင့် ယူယွီ စိတ်ဆိုးလာသည်။
[ ပျူပါ : မိုက်ကယ့် ဝန်ခံမှုက မင်း ရဖူးတဲ့ ပထမဆုံး ဖွင့်ပြောခံရမှုဆိုတာ ငါတပ်အပ်ပြောနိုင်တယ် ဟုတ်တယ်မလား?]
[ဟုတ်တယ်!]
[ ပျူပါ : တစ်ယောက်မှ မင်းကို သဘောကျကြောင်း ဝန်မခံဖူးကြဘူးလား? တစ်ကြိမ်လေးတောင်လေ? ]
[ ငါက မူလတန်းကတည်းက ယောကျ်ားလေးကျောင်းပဲ တက်ခဲ့ရတာ! ဘာတွေမျှော်လင့်နေတာလဲ? အတန်းဖော်ကောင်လေးတွေဆီက ဖွင့်ပြောခံရဖို့လား? ]
[ ပျူပါ : အဲ့တာပဲ မျှော်လင့်နေတာ ]
[ ကျောင်းသားဘဝတုန်းက ငါတို့ဂရုစိုက်တာဆိုလို့ အားကစား၊ အရုပ်၊ ဂိမ်းနဲ့ အသစ်ထွက်တဲ့ figure တွေပဲ ။ အဲ့သည့်အပြင် တစ်ယောက်ယောက် လာဖွင့်ပြောရင်လည်း ငါငြင်းမှာပဲ ဘာလို့ဆို အဲ့လူက ဟန်ယဲ့လောက် ချောမော ကြည့်ကောင်းမှာ မဟုတ်မှန်း ငါအာမခံတယ် ]
[ ပျူပါ : ဟန်ယဲ့ဆိုတာ မင်းတို့ကမ္ဘာမှာ နာမည်ကြီးတဲ့ သရုပ်ဆောင်မလား ]
YOU ARE READING
တတိယလူအဖြစ်ကူးပြောင်းခြင်း
Fantasyဒီnovelလေးမှာ Arc 15ခုရှိပါတယ်နော်။ တတ်နိုင်သလောက်မြန်မြန်လေးupdateပေးပါမယ်။ ✌️