unicode
Warning ⚠
အသက်မပြည့်သေးသူများနဲ့ လိင်ပိုင်းဆိုင်ရာ အသုံးအနှုန်း sensitive ဖြစ်သူများ ဒီအပိုင်းကို ကျော်သွားဖို့ မေတ္တာ ရပ်ခံပါရစေ။
မူလစာရေးသူက မူရင်း ဇာတ်လမ်းနဲ့ မသက်ဆိုင်ဘဲ New Year လက်ဆောင်အနေနဲ့ပဲ ထည့်သွင်းရေးခဲ့တာမို့ မဖတ်ဘဲ ကျော်သွားလည်း ဇာတ်လမ်းရဲ့ flow ကို မထိခိုက်ပါဘူးနော်။
...................⚠Warning ⚠..................
***သူတော်စင်မိုက်ကယ်ရဲ့ ပူနွေးပျစ်နှစ်မှု!***
လုံးဝကို ဆန်းကြယ်မှု တစ်ခုပဲ။ မြို့စားဒမီယမ်က အတော်လေး အင်အားလျော့နည်းသွားပေမဲ့ ပုဂ်ရဟန်းမင်းကြီးရဲ့ သေစေနိုင်လောက်သော တိုက်ခိုက်မှုကို ရှောင်ရှားနိုင်ခဲ့ပါသည်။ သို့သော် ရဟန်းမင်းကြီးရဲ့ တိုက်ခိုက်မှုက သူ့ကို ဒဏ်ရာ ပြင်းပြင်းထန်ထန် ရစေခဲ့သည်။
သူတော်စင် မိုက်ကယ်သည် အချိန်မီ ရောက်ရှိလာခဲ့ပြီး သူ့အလင်းတော်ဖြင့် ရဟန်းမင်းကြီးကို ဇီဝိန်ခြွေပစ်လိုက်သည်။ ဒါပေမဲ့လည်း မြို့စားဒမီယမ်မှာ ဒဏ်ရာ ရပြီးသားမို့ သူတော်စင်မိုက်ကယ်သည် မြို့စားရဲ့အခန်းပတ်လည်က အစီအရင်ဂါထာကို အမြန်ဖယ်ဖျက်လိုက်ပြီး ဒဏ်ရာတွေနဲ့ သွေးဆောင်ဖုတ်ကောင် မြို့စားကို သူထွေးပွေ့ထားခဲ့သည်။
"မြို့စား, ကိုယ်_ကိုယ်တော်..." မိုက်ကယ်သည် မြို့စားကို တင်းကြပ်စွာ ဖက်ထားမိပြီး ပြောစရာစကားတို့ ပျောက်ရှနေသည်။
မြို့စား ဒမီယမ်သည် အားနည်းလာသော်လည်း အသက်ကို အားတင်းထားပြီး မိုက်ကယ့်ကို စကားပြောလိုက်သည်။ "ငါ့ကို တခြားနေရာ ခေါ်သွားပါ... တခြား ဟင်းလင်းဖြစ်တဲ့..."
သူတော်စင် မိုက်ကယ်သည် စိတ်စွမ်းအား ကပျာကယာသုံးပြီး လရောင် လင်းထိန်တောက်ပစွာ ဖြာကျနေသော ရေကန်ဆီသို့ မြို့စားကို ခေါ်ဆောင်လာသည်။ သူ မြို့စားကို လက်မလွတ်ချင်တာကြောင့် မြို့စားဒမီယမ်၏ ရင်ဘက်နားက ဒဏ်ရာကို ကုသခြင်းစွမ်းအားဖြင့် မျှော်လင့်တကြီး ကုစားပေးသော်လည်း သူ့အလင်းစွမ်းအင်သည် မြို့စားကို နာကျင်မှုမှာသာ ညီးတွားစေသည်။ သူ့အလင်းစွမ်းအင်သည် မြို့စားကို ပို၍နာကျင်စေပုံသာ ပေါ်တော့သည်။
YOU ARE READING
တတိယလူအဖြစ်ကူးပြောင်းခြင်း
Fantasyဒီnovelလေးမှာ Arc 15ခုရှိပါတယ်နော်။ တတ်နိုင်သလောက်မြန်မြန်လေးupdateပေးပါမယ်။ ✌️