unicode
ယူယွီသည် ပိဟယ် အဆင်ပြေကြောင်း သေချာသည်အထိ ပိဟယ်နှင့် အတူနေပေးခဲ့သည်။ သူသည် ပိဟယ်အိမ်မှ ပြန်လာပြီး တုရန်တာဝါထိပ်ရှိ သူ့အခန်းသို့ပြန်ခဲ့သည်။ သူသည် ယခုတိုးတက်မှုအတွက် ကျေနပ်နေသည်။ ဘာလို့ဆိုသော် ပိဟယ်နှင့် တရားမဝင် ချိန်းတွေ့ခွင့် ရနေသောကြောင့် ဖြစ်သည်။
သူသည် အိမ်ရာပေါ်တွင် လူးလှိမ့်နေပြီး system ရဲ့ အတားအဆီးကို တစ်ကြိမ်လောက် အနိုင်ယူနိုင်ခဲ့တဲ့အတွက် သူ ပျော်ရွှင်နေသည်။ ပျူပါသည် ယူယွီ၏ရှေ့တွင် ရုပ်လုံးပေါ်လာပြီး ဒါသည် ဤကမ္ဘာကြီးရဲ့ ဖြစ်သင့်သော ပုံစံမဟုတ်သောကြောင့် မပျော်မရွှင် ပျံဝဲနေလေသည်။
"မင်း အရင်ကမ္ဘာလို အရာအားလုံးကို ဖျက်ဆီးပစ်တော့မယ်။ ဒီကမ္ဘာမှာ မင်းရဲ့ပစ်မှတ်က လင်းခိုင်ဆိုတာကို မမှတ်မိဘူးလား၊ ဒါက သခင်နှစ်ယောက်ရှိတဲ့ ကမ္ဘာမဟုတ်ဘူး၊ ပိဟယ်က မင်းကို ဘာမှ မပေးနိုင်ဘူး။"
"ဒါပေမယ့် သူက ငါ့ကို ချစ်တယ်! ငါ နောက်ဆုံးတော့ ဒီကမ္ဘာမှာ ချိန်းတွေ့နိုင်ပြီ!" ယူယွီ က ဂုဏ်ယူစွာ ရင်ဘတ်ကို ကော့ပြီးပြောခဲ့သည်။ "ဝန်ခံလိုက်ပါ system မင်းဆင်ထားတဲ့ ထောင်ချောက်ကို ငါ လွတ်မြောက်သွားလို့ မင်း မကျေမနပ်ဖြစ်နေတာပါ"
ပေါက်ဖက် system သည် အသံတိတ်သွားသည်၊ သူသည် ကမ္ဘာကြီး၏ ဖွံ့ဖြိုးတိုးတက်မှုကို အမှန်တကယ်ပင် စိတ်ပျက်မိပါသည်။ ဒါပေမယ့် ဒါသည် သူတကယ် စိုးရိမ်သော အရာမဟုတ်ပေ။
"လင်းခိုင်က မှန်းဆမရတဲ့ အန္တရာယ်များတဲ့ လူတစ်ယောက်ပဲ။ မင်း ဒီမှာ အရှုပ်တွေ လျှောက်မလုပ်တာ ပိုကောင်းမယ်။ မဟုတ်ရင် ငါတို့ နောက်တစ်ခါ ရှုပ်ရှက်ခတ်နေတဲ့ အခြေအနေထဲ ထပ်ရောက်နေလိမ့်မယ်" လို့ ပျူပါက သတိပေးလိုက်သည်။
"ဒါပေမယ့် အားလုံးအဆင်ပြေနေသေးတယ်မလား?" ယူယွီ သည် မီတာတွေရဲ့ သတိပေးချက်တွေကို မှတ်မိနေသေးသည်၊ "ဘာကြောင့်မှန်းမသိပေမဲ့ ကွဲပြတ်မီတာ နှင့် ဖူးစာမီတာ နှစ်ခုလုံး 30% အထိတိုးလာပြီပဲ"
"လင်းခိုင်က မနာလိုဖြစ်နေတာ ဖြစ်မယ်? အရင်က လူသားတစ်ယောက်ပေမဲ့ ကမ္ဘာပျက်ပြီးနောက်မှာ မှတ်ဉာဏ်မရှိတဲ့ ဖုတ်ကောင်ဖြစ်သွားခဲ့တယ်။ စွမ်းရည် အသုံးပြုသူတွေအားလုံးကို ရင်ဆိုင်ရတာ သူ့အတွက် အရမ်း ခက်ခဲခဲ့လိမ့်မယ်။ သူ မရင်းနှီးတဲ့ အချစ်ဆိုတဲ့အရာက သူ့ကို စိတ်ခံစားချက်တွေ မြင့်တက်လာစေတာ ဖြစ်မယ်" လို့ ပျူပါ က ယုတ္တိကျကျ ရှင်းပြဖို့ ကြိုးစားခဲ့သည်။
YOU ARE READING
တတိယလူအဖြစ်ကူးပြောင်းခြင်း
Fantasyဒီnovelလေးမှာ Arc 15ခုရှိပါတယ်နော်။ တတ်နိုင်သလောက်မြန်မြန်လေးupdateပေးပါမယ်။ ✌️