Arc 2.2

5.3K 652 6
                                    

Unicode

ယူယွီသည် သူ့ကို နှိမ်ချလိုက်သော စကားတို့ကို နှုတ်က ချက်ချင်းပင် အလိုအလျောက် တုံ့ပြန်လိုက်သည်။ "မင်း ဘာစကားပြောလိုက်တာလဲ? "

လုံဟွေ့လည်း ခုံမှာ ထိုင်နေရာမှ ချက်ချင်းထပြီး ယူယွီကို သူ့အရပ်နှင့် အုပ်မိုးလိုက်ကာ ငုံ့ကြည့်လိုက်သည်။ "မင်းကို ငါ့စိုက်ကြည့်နေတာ ရပ်လိုက်စမ်းလို့ ပြောတာလေ ရွံစရာငကြောင်ကောင်ရဲ့"

ယူယွီသည် ကျောက်ရုပ်ဖြစ်သွားခဲ့သည်။ သည်လူသည် ယူယွီလည်း ဘာအမှားမှ မလုပ်ဘဲနှင့် မကျေနပ်သော မျက်နှာထားဖြင့် ရုတ်တရက် စော်ကားလာသည်။ "ဘာလို့ အဲ့လိုပြောတာလဲ? ငါ အမှား တစ်ခုခု လုပ်မိလို့လား?"

လုံဟွေ့သည် အလွန်ချောမောပြီး ကြည့်ကောင်းသောသူ ဖြစ်သော်ငြား နှုတ်ကတော့ မြွေပွေးလို အဆိပ်ပြင်းလှသည်။ သူသည် ယူယွီကို ပိုပြီး စော်ကားနှိမ်ချသော စကားတို့ကို တရစပ်ပြောလာခဲ့သည်။ "မင်းက ရုပ်ဆိုးတယ်၊ တုံးလည်း တုံးပြီး အားကမရှိ။ အမြင်ကတ်စရာက ကောင်းသေးတယ်။ မင်းမေ့သွားပြီးလား ? မင်း တစ်ပတ်လုံး ဖျားနေလို့ အခန်းကို ငါတစ်ယောက်တည်း သန့်ရှင်းရေးလုပ်လိုက်ရပြီး မင်းအိမ်စာတွေလည်း တစ်ပတ်လုံး လုပ်ပေးခဲ့ရတာလေ။ ဂုဏ်ထူးဆောင် ကျောင်းသားလုပ်နေပြီး မင်းက စောက်တုံးပဲ။ မင်းမှာ လုပ်စရာဆိုလို့ စာလုပ်ဖို့ပဲ ရှိတာကိုတောင် ဒုတိယပဲ ရတယ်"

"ငါက မင်းကို စာတော်တဲ့ ကျောင်းသားထင်ပြီး တစ်ခန်းတည်း အတူနေဖို့ လက်ခံလိုက်တာကို မင်းက ငတုံးကောင်ဖြစ်နေတယ်" လုံဟွေ့သည် လှောင်ပြောင်လိုက်ပြီး "ပြီးတော့ ငါ့ကို ဘာလို့ရော အဲ့လိုကြည့်နေသေးတာလဲ? မင်းလည်း ငါ့ကို အကြည့်မလွှဲနိုင်တဲ့ ဖန်တွေထဲက တစ်ယောက်လား? ငါ ဘုရားသခင်ကို တိုင်တည်ပြီး ပြောတယ် မင်းလိုကောင်မျိုးတွေက စိတ်အနှောက်အယှက်ပဲ"

ယူယွီသည် လုံဟွေ့ကို ပြန်မငြင်းတော့ဘဲ ခေါင်းကို ငုံ့၍သာ ပြောသမျှ ငြိမ်ခံနေလိုက်သည်။ သို့သော် စိတ်ထဲမှာတော့ စော်ကားမှုအတွက် ဒေါသ တထောင်းထောင်း ထွက်နေခဲ့သည်။

တတိယလူအဖြစ်ကူးပြောင်းခြင်းWhere stories live. Discover now