Arc 1.19

5.4K 660 11
                                    

unicode

အခန်းထဲတွင် ယူယွီသည် system နှင့်အတူ အေးဆေးအချိန်ဖြုန်းနေခဲ့သည်။ အခန်းထဲကနေ အပြင်ထွက်လို့မရတာကြောင့် နေ့ရက်တိုင်းသည် ပျင်းစရာကောင်းနေခဲ့သည်။ အလင်းမျက်နှာပြင်က ကာထားတာကြောင့် သူလျှောက်သွားလို့ မရသည့်အပြင် အိမ်သာတောင် သွားလို့မရပေ။

"မင်းက မစင်စွန့်စရာမှမလိုတာ အိမ်သာက ဘာလုပ်ဖို့လဲ?" ပျူပါက မေးလိုက်သည်။

" အ_အင်း, ငါလည်း တစ်ခါတစ်လေတော့ ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်ကို ဖြေရှင်းဖို့ လိုတာပေါ့" ယူယွီ အမှန်တိုင်း ဖြေခဲ့သည်။

ယူယွီစိတ်ကို ဖတ်လို့ရတာကြောင့် system လည်း အကြောင်းရင်းကို သိသည်။ လူသားယောက်ျားလေးတွေက အရင်ရော အခုရော ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေကို ဖြေရှင်းဖို့ လိုအပ်ကြောင်းလည်း သိသည်။ ဒါပေမဲ့ သူနားမလည်သည်က သည်မှာလည်း ယူယွီ အာသာဖြေလို့ ရရဲ့သားနှင့် ဘာကြောင့် အိမ်သာမှာမှ လုပ်ဖို့လိုအပ်တာလဲ ဆိုသည်ပင်?

"ဒီမှာ လုပ်လို့ရတာပဲ" ပေါက်ဖက်က အကြံပြုလိုက်သည်။

"မလုပ်ဘူး! မင်းချောင်းကြည့်လိမ့်မယ်!"

"... ငါမင်းနဲ့ ကမ္ဘာတိုင်း အတူရှိနေမှာကို မင်းနားလည်တယ်မလား? အကုန်လုံးကို Ultra HD လို ကြည်ကြည်လင်လင် ပြတ်ပြတ်သားသား မြင်နေရတဲ့ အချိန်မှာ ချောင်းကြည့်နေစရာတောင် မလိုဘူး" ပေါက်ဖက်သည် တစ်ခါတစ်လေ ယူယွီ၏ စိတ်ကို နားမလည်နိုင်ပေ။ ယူယွီသည် အခုထိ Host တွေထဲမှာ အငယ်ဆုံးဖြစ်တာကြောင့် လူငယ်ဖြစ်ရခြင်းကို သူများမြင်မှာ ရှက်ရွံနေမှုအား ပေါက်ဖက်နားမလည်တော့ချေ.

ရုတ်တရက် ပေါက်ဖက်သည် တစ်ယောက် ယောက်လာနေသည်ကို ခံစားမိခဲ့ပြီး ကိုယ်ယောင်ဖျောက်လိုက်ကာ ယူယွီကို သတိပေးခဲ့သည် ။ "တစ်ယောက်ယောက် လာနေတယ်။ မိုက်ကယ်တော့မဟုတ်ဘူး။ သတိထား"

ယူယွီသည် ချက်ချင်း မတ်တပ်ထရပ်လိုက်ပြီး တံခါးဆီကို စောင့်ကြည့်နေလိုက်သည်။ လူတစ်ယောက်ရဲ့ ခြေသံကို သူကြားနေရပြီး မရှေးမနှောင်းမှာ နောက်ကပါလာသော လူအုပ်ရဲ့ အသံကိုပါ ကြားလိုက်ရသည်။ တံခါးသည် ရုတ်တရက် အပြင်ကနေ ပွင့်သွားပြီး အသက် ၆၀ အရွယ် အဘိုးအိုသည် တံခါးဝတွင် ရပ်လာခဲ့သည်။ ရဟန်းမင်းကြီးသည် သူ့ကို ပြုံးပြပြီး ရဟန်းမင်းကြီး အနောက်မှာတော့ အနက်ရောင်ဝတ်ထားသော လူတစ်စုရှိနေခဲ့သည်။

တတိယလူအဖြစ်ကူးပြောင်းခြင်းWhere stories live. Discover now