Unicode
"ယူယွီ၊ ငါမနေ့က လုပ်ခဲ့မိတာအတွက် တောင်းပန်ပါတယ် ။ ကျေးဇူးပြုပြီး အခန်းမလဲပါနဲ့"
ယူယွီသည် တိတ်ဆိတ်နေခဲ့ပြီး သူစိုက်ကြည့်လိုက်တာနှင့် တောင့်တင်းသွားသော လုံဟွေ့ကို ကြည့်နေခဲ့သည်။ ယူယွီဘက်က အဖြေကိုစောင့်နေရင်း လုံဟွေ့ စိတ်လှုပ်ရှားနေမိသည်။
[ သူဘာတွေဖြစ်သွားတာလဲ? မနေ့ညက နတ်သမီးဘွားဘွားရောက်လာပြီး သူ့စိတ်ကို ပြောင်းလိုက်တာလား? ]
[ ပျူပါ : သူ့ဖူးစာမီတာက ၁၅ % ရှိပြီဆိုတော့ သူမင်းကို သူငယ်ချင်းလို့ မြင်နေတာ အသေအချာပဲ။ ဒါနဲ့ သူ မတောင်းပန်သရွေ့ မင်းစိတ်မပြောင်းဘူးလို့ ပြောထားတာ အခု မင်းကို ဆက်နေဖို့ သူတောင်းပန်နေပြီလေ။ ]
[ အ_အင်း ငါဆိုလိုတာက၊ သူသာ တကယ် တောင်းပန်တာဆိုရင်၊ ငါ_ငါ နေမှာပါ ]
[ ပျူပါ : ကျောရိုးမရှိတဲ့ ကြက်ကောင် ]
[ Hey ! အဲ့တာ ဘာအဓိပ္ပာယ်လဲ ]
...
ယူယွီသည် ဘာမှ ပြန်မပြောဘဲ လုံဟွေ့ကို လစ်လျူရှုကာ ရေချိုးခန်းထဲ ဝင်သွားခဲ့သည်။ ယူယွီဆီက လစ်လျူရှုခံရခြင်းသည် လုံဟွေ့ကို စိတ်ကြေကွဲစေသည်။ တောင်းပန်စကားပြောဖို့ သူ့ကိုယ်သူ စိတ်ကို ပြင်ဆင်ကြိုးစားထားရသောကြောင့် ညနက်ထိ နေခဲ့ရသော်လည်း ယူယွီကတော့ အလေးအနက် သဘောမထားခဲ့ပေ။
"ယူ__" လုံဟွေ့သည် အိပ်ရာမှ ထရပ်ကာ ယူယွီလက်မောင်းကို လှမ်းဆွဲလိုက်သောကြောင့် အရှိန်လွန်ကာ ခြေချော်ကျသွားရသည်။
လုံဟွေ့သည် ယူယွီကို ကြမ်းပြင်ပေါ် ဆွဲချမိသလိုဖြစ်ပြီး လုံဟွေ့ကိုယ်ပေါ် ယူယွီထပ်လျက် နှစ်ယောက်သားအတူ လဲကျသွားခဲ့သည်။ နှုတ်ခမ်းချင်း နမ်းမိဖို့ စင်တီမီတာ အနည်းငယ်သာ အလိုတွင် တစ်ယောက်နှင့် တစ်ယောက် အသက်ရှူသံကို ခံစားမိနေသည်။
လုံဟွေ့သည် ယူယွီ၏ အကြည့်တွေထဲ နက်ရှိုင်းစွာ ငေးမောနေခဲ့သည်။ ယူယွီကို ဤမျှနီးကပ်စွာ မြင်နေရခြင်းက သူ့ကို တစ်မျိုးတစ်မည် ခံစားရစေသည်။ ယူယွီနှင့် ဤကဲ့သို့နီးကပ်ခြင်းကို နှစ်ပေါင်းတစ်ထောင်မှာ တစ်ခါဖြစ်မည်ဟုပင် သူ မထင်ခဲ့သည့်အပြင် လွန်ခဲ့သည့်ရက်ပိုင်းကပင် ယူယွီကို မနှစ်မြို့စရာကောင်းသည်ဟု သူတွေးနေခဲ့သေးသည်။
YOU ARE READING
တတိယလူအဖြစ်ကူးပြောင်းခြင်း
Fantasyဒီnovelလေးမှာ Arc 15ခုရှိပါတယ်နော်။ တတ်နိုင်သလောက်မြန်မြန်လေးupdateပေးပါမယ်။ ✌️