unicode
"လိုင်ယွန် ထတော့! လိုင်ယွန်!" ယူယွီသည် သူ့မျက်နှာပေါ်မှာ ညှင်သာသော ပုတ်နှိုးမှု အနည်းငယ်ကို ခံစားလိုက်ရသည်။ မျက်လုံးဖွင့်ကြည့်လိုက်တော့ ချက်ချင်း ဗိုက်ထဲက စူးရှသော နာကျင်မှုကို သတိထားမိလိုက်သည်။ ဗိုက်ကိုကိုင်ကာ နာကျင်စွာ ညည်းနေသည်။
"ဘာ- ဘာဖြစ်တာလဲ?" ယူယွီက မေးလိုက်သည်။
"နင် မေ့သွားပြီလား? ဟာဗီက နင့် ဗိုက်ကို ထိုးလိုက်တာနဲ့ နင်ချက်ချင်း မေ့လဲသွားတယ်!" ကောင်မလေးက ပြောရင်း သက်ပြင်းချလိုက်သည်။ "သူက နည်းနည်းကြမ်းတယ်လို့ နင့်ကိုငါပြောခဲ့သားပဲ၊ သူနဲ့တွေ့တိုင်း မထိခိုက်စေချင်တော့ဘူး"
[wow system ငါ ဒီလိုအခြေအနေနဲ့ နိုးလာတယ်။ တခါတစ်လေ မင်းဘယ်လောက်တောင် စိတ်ပုပ်လဲဆိုတာ မေ့နေခဲ့တယ်။]
[ပျူပါ : ဘာလဲ? အဲ့အချိန်က လိုင်ယွန်သေဆုံးသွားတဲ့အချိန်ပဲ။ အဲ့တာကြောင့် မင်းရဲ့ဝိညာဉ်ကို ငါအစားထိုးနိုင်တာပေါ့၊ ငါ့ကို လာအပြစ်မတင်နဲ့။]
[ဘာပဲဖြစ်ဖြစ်၊ အကြောင်းအရာကရော?]
ပျူပါသည် ယူယွီကို လှည့်ပတ်ပြီး စိတ်လှုပ်ရှားစွာ ခုန်ပေါက်နေသည်။ ယူယွီသည် system၏ ရုတ်တရက် စိတ်အားထက်သန်မှုကြောင့် အနည်းငယ် လန့်သွားသည်။
[ ပျူပါ : ဒါက ဝတ္ထုကမ္ဘာတစ်ခုပဲ၊ ဝတ္ထုခေါင်းစဉ်က ဖူးပွင့်နေတဲ့ စိတ်ဆန္ဒရဲ့ ဇီဇဝါပန်း ။ ရိုမန့်စ်၊ အကြံအစည်တွေ၊ နိုင်ငံရေးနဲ့ အချစ်အစစ်အကြောင်းတွေ ပြည့်နှက်နေတဲ့ Boys Love ဝတ္ထုကောင်းတစ်ခုပဲ! စာရေးသူက ဒီလို ဂန္တဝင်မြောက်တဲ့ လက်ရာမျိုးကို ရေးသားနိုင်တဲ့ ပါရမီရှင်တစ်ဦးပဲ!]
[ဝတ္ထုကမ္ဘာ? ဒါဆို ဝတ္ထုကမ္ဘာရဲ့ အဓိကသင်္ဘောကြီးရဲ့ အချစ်ကို ဖျက်ဆီးရမှာလား? ]
[ပျူပါ : ဒါကို အတွဲ ၂ လို့ ခေါ်လို့ရတယ်။ အဓိကပစ်မှတ်က အဓိကဇာတ်ဆောင် နှစ်ယောက်ရဲ့ သားမို့လို့! သူက လွှမ်းမိုးတတ်တဲ့ ဗီဇနဲ့ ချောမောတဲ့သူဖြစ်ပြီး အစွမ်းထက်--]
[နေ၊ နေ၊ နေပါဦး!]
[ပျူပါ : ဘာလဲ?]
[ဒါက Boys Love ဝတ္ထုလို့ မင်းပြောခဲ့တာ အဓိကဇာတ်ဆောင်တွေက ဘယ်လိုလုပ် သားတစ်ယောက် ရနိုင်မှာလဲ? သူတို့ မိန်းမတစ်ယောက်တည်းကို လက်ထပ်ခဲ့တာလား ဘာလဲ?]
YOU ARE READING
တတိယလူအဖြစ်ကူးပြောင်းခြင်း
Fantasyဒီnovelလေးမှာ Arc 15ခုရှိပါတယ်နော်။ တတ်နိုင်သလောက်မြန်မြန်လေးupdateပေးပါမယ်။ ✌️