Arc 4.5

1.7K 230 1
                                    

unicode

ယခုအခါ လိုင်ယွန်သည် နမော်နမဲ့ ကလေးထိန်းလို လုပ်နေသည့် တိုက်တန်ဆီမှာ အိပ်ရာပေါ် ပက်လန်လဲနေရသည့် လူနာအဖြစ် အတင်းဖိအားပေးခံနေရသည်။ ဟာဗီးယားသည် သူ့အခန်းကို အချိန်ဇယားအတိအကျဖြင့် ပုံမှန်လာခဲ့သည်။ အိမ်အကူက လိုက်ပို့ပေးရမယ့် အစားအသောက်ဗန်းတစ်ခုနဲ့ သူလာလိမ့်မည်။

သူ့ကို စောင့်ရှောက်မည့် အိမ်အကူနှင့် အိမ်တော်ထိန်းတွေ အစား လိုင်ယွန်ကို အပြည့်အဝ ပြန်ကောင်းလာသည်အထိ ပြုစုပေးမည်ဟု ဆိုကာ ဟာဗီးယား က သူတို့အားလုံးကို နှင်ထုတ်ခဲ့သည်။ မင်းသား ဟာဗီးယား သည် ရွှေရောင် ကယ်မီလီယာ၏ အိမ်ရှေ့စံမင်းသားဖြစ်ပြီး မင်းသား လိုင်ယွန် နှင့် မင်းသမီး လေလာ၏ ကာလကြာရှည် မိတ်ဆွေဖြစ်ခြင်းကြောင့် အစေခံများက ပြန်မပြောကြပေ။

သူသည် လိုင်ယွန်၏ကုတင်အစွန်းတွင် ထိုင်ကာ အစားအသောက်ကို စတင်ပြင်ပေးပေမည်။ ဒါပေမယ့် ဟာဗီးယားသည် တကယ့်ကို နမော်နမဲ့နိုင်သော လက်တွေ ရှိသည်။ ဟာဗီးယားသည် ဖန်ခွက်ကိုကိုင်သည်ထက် ဓားကို မကြာခဏ ကိုင်သည်မှာ အလွန်ထင်ရှားသည်။

ဟာဗီးယားသည် ဖန်ခွက်ကို ကိုင်လိုက်ပြီး လက်ဖက်ရည်ပူပူ လောင်းထည့်လိုက်သည်။ သို့သော် ခွက်လက်ကိုင်ကို ကိုင်လိုက်သောအခါတွင် သူသည် ခွန်အားအလွန်အကျွံသုံး၍ လက်ကိုင်မှာ အက်ကွဲသွားသည်။ ဟာဗီးယားသည် ခွက်လက်ကိုင် အက်ကွဲသွားသောအခါ အံ့သြသွားပြီး ကြွေခွက်သည် မြေပြင်ပေါ်သို့ ပြုတ်ကျသောအခါ ခွက်ကို အမြန်ဖမ်းမိသွားသည်။ ဒါပေမယ့် နောက်တစ်ကြိမ်ထပ်ပြီး သူ့အားတွေကို မတော်တဆ အများကြီး သုံးမိသည့်အခါ သူ့လက်ထဲမှာပင် ကြွေခွက်သည် ကြေမွသွားသည်။

ဟာဗီးယားသည် လက်ဖက်ရည်ခွက်ကို မှုန်ကုပ်ကုပ်ဖြင့် ကြည့်ပြီး ခေါင်းကုတ်လိုက်သည်။ "နန်းတော်ကြီးက ဘာလို့ ကွဲလွယ်တဲ့ အပေါ်စား လက်ဖက်ရည်ခွက်ကို ဝယ်တာလဲ? ဒီထက် ပိုအကြမ်းခံတဲ့ တစ်ခုခုကို ဝယ်သင့်တယ်"

"အဲဒါက မင်း ခွန်အားတွေ အရမ်းသုံးနေလို့လေ!" လိုင်ယွန်က ဆူလိုက်သော်လည်း ဟာဗီးယား က သူ့စိတ်ထဲ လက်ခံပုံ မပေါ်ပေ။ သူက နောက်ထပ် လက်ဖက်ရည်ခွက်ကို ယူလိုက်ပြီး ဒီအတိုင်းပဲ ထပ်လုပ်ပြန်သည်။

တတိယလူအဖြစ်ကူးပြောင်းခြင်းWhere stories live. Discover now