unicode
"ရူလန်ကို ငါ့ဆီ ပေးလိုက်"
လင်းခိုင်၏ တောင်းဆိုမှုကြောင့် လူတိုင်း အံ့ဩသွားကြသည်။ လင်းခိုင်က သူ့အား မြို့ကို ပေးဖို့ တောင်းဆိုမည် သို့မဟုတ် လူသားကို စတေးရန် တောင်းဆိုမည်ဟု သူတို့ ထင်ခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် ဤတန်ခိုးကြီးသော ဖုတ်ကောင်ဘုရင်သည် ၎င်းတို့၏သမ္မတကို အနိုင်ယူနိုင်ခဲ့ပြီ ဖြစ်သောကြောင့်ဖြစ်သည်။
သမ္မတရူ သည် ဖုတ်ကောင်များ၏ ၉၀% ကို သုတ်သင်နိုင်ခဲ့သော်လည်း ကျန်ခဲ့သော လူများကမူ နောက်ဆုံး ၁၀% ကို တိုက်ခိုက်ခြင်း မပြုနိုင်ဘဲ အထူးသဖြင့် လင်းခိုင် အသက်ရှင်နေသေးသည့်အချိန်ဖြစ်သောကြောင့် ဖြစ်သည်။ သူတို့ရဲ့ သမ္မတက ကောင်းကောင်း အကာအကွယ် ပေးထားတာကြောင့် သူတို့မှာ တစ်ဦးချင်း အင်အား မရှိတော့သည်လည်း ဖြစ်နိုင်ပါသည်။ သူတို့က သူ့ကို အရမ်းအားကိုးကြသည်။
ထို့ကြောင့် လင်းခိုင်က သူတို့ကို သူတို့ရဲ သမ္မတကို လွှဲပြောင်းပေးရန် တောင်းဆိုသောအခါ အားလုံး နှုတ်ဆိတ်သွားကြသည်။ ဘယ်သူကမှ သူတို့ရဲ့ သမ္မတကို ကာကွယ်ဖို့ သတ္တိမရှိကြပေ။
လင်းခိုင် သည် ဤသူရဲဘောကြောင်သောလူများကို လှောင်ပြောင်သည်။ သူတို့အားလုံးသည် အပြင်ပန်းသာ ဖြစ်ပြီး တကယ် ခွန်အားမရှိ။ သူတို့သည် ရူလန်ကို အလွန်အမင်း အားကိုးကြသော်လည်း ရူလန် ယခု အားနည်းသောအချိန်တွင် မည်သူမျှ သူ့ကို ကာကွယ်လိုခြင်းမရှိပေ။
'ရူလန် ဖြစ်ဖို့က ခဲယဉ်းလိုက်တာ။ လူတိုင်းက မင်းကို ချစ်ခင်ကြပေမယ့် မင်းကို ဘယ်သူမှ ဂရုမစိုက်ကြဘူး...'
'ငါတို့က သိပ်မကွာခြားကြလို့ ဖြစ်မယ်။လူတိုင်းက ငါ့ကို ကြောက်ရွံ့ကြပေမဲ့ ဘယ်သူမှ ငါ့ကို ဂရုမစိုက်ဘူး...'
လင်းခိုင်ကို တိုက်ခိုက်ရန် မည်သူမျှ သတ္တိမရှိသောကြောင့် သူ၏တစ်ခုတည်းသော အတားအဆီးမှာ ရူလန်၏ ခန္ဓာကိုယ်ကို တင်းတင်းကြပ်ကြပ် ဆုပ်ထားသည့် ပိဟြယ်ဖစ်သည်။ သူက ပိဟယ်ကို အခုပဲ သတ်လိုက်နိုင်ပေမယ့် ရူလန် နိုးလာပြီး ပိဟယ် သေသွားပြီဆိုတာ သိလိုက်ရရင်... သူ့တုံ့ပြန်မှုကို လင်းခိုင် မမြင်လိုပေ။
YOU ARE READING
တတိယလူအဖြစ်ကူးပြောင်းခြင်း
Fantasyဒီnovelလေးမှာ Arc 15ခုရှိပါတယ်နော်။ တတ်နိုင်သလောက်မြန်မြန်လေးupdateပေးပါမယ်။ ✌️