Arc 4.4

1.8K 220 1
                                    

unicode

လိုင်ယွန်၏ပါးစပ်မှ သွေးများထွက်လာသည်ကို မြင်သောအခါ ဟာဗီးယား ခေတ္တရပ်လိုက်သည်။ သူသည် လိုင်ယွန်ကို ကြောင်အကာ စိုက်ကြည့်နေပြီး အံ့အားသင့်သွားသည့် အမူအရာသည် သူ့မျက်နှာပေါ်တွင် ရှိနေဆဲ။ သူတို့ တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်ပြီးနောက် ဟာဗီးယားသည် မျက်နှာဖြူဖျော့သွားပြီး လိုင်ယွန်ရဲ့ လက်ကို အလိုလို ဆုပ်ကိုင်လိုက်သည်။

"အစ်ကိုကြီး အဆင်ပြေရဲ့လား!?"

ဟာဗီးယား၏ အသိစိတ်တွေ မှုန်ဝါးလာခဲ့သည်။ သူတို့ကလေးဘဝတုန်းက အမှတ်ရစရာတစ်ခုရှိခဲ့သည်။ သူတို့ နန်းတော်ထဲက ခိုးထွက်တုန်းက ခွေးရိုင်းတစ်ကောင်ဆီကနေ လိုင်ယွန်က ကာကွယ်ပေးခဲ့ဖူးသည်။ သူက အန္တရာယ်ကင်းသော်လည်း အစ်ကိုကြီး လိုင်ယွန်ကတော့ ဒဏ်ရာတွေ အများကြီးရခဲ့သည်။

ဟာဗီးယား၏ဒေါသသည် ချက်ချင်းပျောက်ကွယ်သွားပြီး စိုးရိမ်သောအမူအရာက အစားထိုးဝင်လာသည်။

[ သွေးတွေ...]

[ ပျူပါ :သွေးတွေ ]

[ဟေ့! ငါ့လို လိုက်မပြောနဲ့ ။ အနည်းဆုံးတော့ ငါ မကြာခင် သေတော့မှာလား ဒါမှမဟုတ် ဘာဖြစ်မှာလဲ ပြောပြပါ ။]

[ ပျူပါ : ငါ မင်းရဲ့ခန္ဓာကိုယ်ကို စကန်င်ဖတ်ကြည့်တာအရတော့ အားပြင်းတဲ့ ထိုးချက်ကြောင့် မင်းရဲ့အတွင်းပိုင်းအူက ပြင်းပြင်းထန်ထန် ဒဏ်ရာရနေပေမဲ့ တစ်ပတ်လောက် ကောင်းကောင်းအနားယူသင့်တယ်။ လိုင်ယွန်က သဘာဝအတိုင်း သန်မာတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတယ်။ စိုးရိမ်ရမယ့်အရာက မင်းရဲ့ di**၊ ဟာဗီးယားက မင်းမေးရိုးကို ဆွဲဖြဲပစ်မယ် ခြိမ်းခြောက်ကတည်းက အတော်လေး ပြင်းထန်တဲ့ တုံ့ပြန်မှုပဲ။]

[ငါ-ငါ ဆိုလိုတာက၊ ငါ့မှာ S&M ပလေးဖို့ စိတ်ကူးအမြဲရှိနေတာ...]

[ ပျူပါ :... အဲဒါနဲ့ ပတ်သက်ပြီး ငါ မှတ်ချက်မပေးပါဘူး။]

လိုင်ယွန်သည် သူနှင့်အလွန်နီးကပ်လွန်းသော ဟာဗီးယား၏မျက်နှာကို ရှောင်ရန် ချက်ခြင်းအဝေးကို ကြည့်လိုက်ကာ "ငါ-ငါအဆင်ပြေပါတယ်! ငါ့နဲ့ ဝေးဝေးနေ!"

တတိယလူအဖြစ်ကူးပြောင်းခြင်းWhere stories live. Discover now