unicode
"ယူယွီ ငါ့ကိုမထားခဲ့ပါနဲ့"
လုံဟွေ့သည် ကော်ဖီဆိုင်ထဲက ထိုင်ခုံမှ ကြည့်နေသည့် တစ်စုံတစ်ဦးကို သတိပြုမိသည်။ သူ့အကြည့်တွေ အုံ့မှိုင်းသွားကာ ယူယွီကို အနားဆွဲခေါ်လိုက်ပြီး "ငါတို့ တခြား ကော်ဖီဆိုင်မှာ စာရအောင်င်"
လုံဟွေ့ရုတ်တရက် စိတ်ပြောင်းသွားသောအခါ ယူယွီစိတ်ရှုပ်ထွေးသွားသည်။ ဤကဖေးသည် အတွဲတွေကြားမှာ ရေပန်းစားနေသည့်အတွက် လုံဟွေ့တစ်ယောက် ကဖေးအကြောင်း ကားပေါ်မှာ တစ်ချိန်လုံးပြောလာခဲ့သည်။
ယခုတော့ ရုတ်ချည်း လုံဟွေ့စိတ်ပြောင်းသွားသည်။ ဤသည်မှာ လုံဟွေ့၏ ပြတ်သားသော လူငယ်တစ်ယောက် ကာရိုက်တာနှင့် လုံးဝကွဲထွက်နေတာကြောင့် သူ system ကို ပြန်မေးလိုက်သည်။
[ လုံဟွေ့ ဘာဖြစ်နေတာလဲ? ပျူပါ, ရုတ်တရက်ကြီး တစ်ခုခုတော့မှားနေပြီ။]
[ ပျူပါ : အချစ်ကမ္ဘာထဲနေလိုက်တာနဲ့ မင်းရဲ့ အစတည်းက မကောင်းတဲ့ဦးနှောက်ရဲ့ လုပ်ဆောင်ချက်တွေက တဖြည်းဖြည်း ပိုလျော့လာတဲ့ပုံပဲ။ တကယ်ပဲ ကျွင်းကျယ်နဲ့ လုံဟွေ့က လမ်းမှာ မျက်နှာချင်းမဆိုင်မိလောက်ဘူး ထင်နေတာလား။ ]
[ ပျူပါ : မင်းရဲ့ ဘယ်ဘက် ပြတင်းပေါက်နားက တတိယခုံကို ကြည့်လိုက် ]
System ညွှန်ပြသည့်အတိုင်း ယူယွီကြည့်လိုက်ပြီး သူ့နေရာက သုံးခုံမြောက်မှာ ထိုင်နေသော ကျွင်းကျယ်ကို မြင်လိုက်သောအခါ သူတုန်သွားသည်။ ကျွင်းကျယ်သည် သူ့ကိုယ်ကို မှန်ပေါ်မှီလိုက်ပြီး လှမ်းပြုံးပြနေသေးသည်။ ယူယွီသည် နောက်ကို အနည်းငယ် ဆုတ်သွားကာ လုံဟွေ့၏ အင်္ကျီလက်ကိုဆွဲလိုက်ပြီး "နောက်—နောက် ကော်ဖီဆိုင်သွားရအောင် လုံဟွေ့"
လုံဟွေ့၏ သတိထားနေသော အကြည့်သည် ကျွင်းကျယ်ဆီကနေ ဖယ်မသွားဘဲ ယူယွီ၏လက်ကိုဆွဲကာ ကဖေးက ထွက်ဖို့ ဟန်ပြင်လိုက်သည်။ ဒါပေမယ့် သုံးခုံမြောက်ထိုင်ခုံကနေ အသံထွက်လာပြီး၊ "Wah! Youth Temptation and Wallflowers Web ဒရာမာရဲ့ကြယ်ပွင့် ရန်လုံဟွေ့ ရောက်နေတာပဲ။ သူ တစ်ယောက်ယောက်ကို ဒီမှာ လာစောင့်နေတာဖြစ်မယ်!"
YOU ARE READING
တတိယလူအဖြစ်ကူးပြောင်းခြင်း
Fantasyဒီnovelလေးမှာ Arc 15ခုရှိပါတယ်နော်။ တတ်နိုင်သလောက်မြန်မြန်လေးupdateပေးပါမယ်။ ✌️