unicode
[ ပျူပါ :ကွဲပြတ်မီတာ ၃၀%။ ဖူးစာမီတာ ၅၅%။ ယူယွီ၊ ငါ ဒါကို ထပ်ခါထပ်ခါ ထပ်ပြောမယ်။ လင်းခိုင်က နှလုံးသားမရှိတဲ့သူ မဟုတ်ဘူး။]
[ ဒါပေမယ့် သူက ပရမ်းပတာ မကောင်းဆိုးဝါးတစ်ကောင်လေ။ system ငါနားမလည်နိုင်တော့ဘူး။ လူသားမျိုးနွယ်အပေါ် နည်းနည်းလေးတောင် ဂရုမပြုတဲ့ တစ်စုံတစ်ယောက်က ဘယ်လိုလုပ် နှလုံးသားရှိနေနိုင်ရသေးတာလဲ? ]
[ ပျူပါ : မင်း မကြာခင် သိလာလိမ့်မယ်။]
ရိုးရိုးသားသားပြောရလျှင် လင်းခိုင်အကြောင်းကိုသိလာခြင်းဖြင့် ကမ္ဘာကြီးသည် အဖြူအမည်းပဲ ရှိသည်မဟုတ်ကြောင်း ယူယွီကို သိနားလည်လာအောင် ကူညီပေးနိုင်မည်လားဆိုသည်ကို ပျူပါလည်း မသေချာပါ။ ပရမ်းပတာ မကောင်းဆိုးဝါးတစ်ကောင်က အချစ်ရဲ့ခံစားချက်ကို သိတဲ့အကြိမ်အနည်းငယ်ရှိခဲ့သည်။ လင်းခိုင်သည် ယခု ယူယွီ ကို ချစ်နေပြီဖြစ်သော်လည်း လင်းခိုင်သည် သူ့ခံစားချက်များကို သတိမမူမိပေ။ ထိုအချိန်တွင် ယူယွီ... သည်ကလေးကိုတော့ ပျူပါ စွန့်လွှတ်လိုက်ပါပြီ။
သည်ကလေးမှာ ကြင်နာတတ်သော နှလုံးသားရှိပေမယ့် သူ့ရဲ့တရားမျှတမှုအသိစိတ်က ဖုံးအုပ်ပြီး မျက်ကန်းနေသည်။
ရူလန်က သူ့အပေါ် သတိထားနေသည်ကို မြင်သောအခါ လင်းခိုင် သက်ပြင်းချလိုက်သည်။ ရူလန်အတွက် သတိထားနေဖို့ကတော့ ယုတ္တိရှိပါသည်။ ဒါပေမယ့် ဒါက သူ့ကို တနည်းနည်းနဲ့ နာကျင်စေနေတုန်းပဲ။ သူက ရူလန်ရဲ့ ခန္ဓာကိုယ်ကို နှစ်ပတ်လုံး ပြုစုစောင့်ရှောက်ခဲ့ပြီး အပင်တွေစိုက်၊ ကြက်တွေမွေးမြူသည့်အထိပင် သူလုပ်ခဲ့သည်... သန္ဓေပြောင်းကြက်တွေဆိုပေမဲ့ ရူလန် ကောင်းကောင်းစားနိုင်အောင် သူအကောင်းဆုံး ကြိုးစားခဲ့သည်။
သူ့နှလုံးသားထဲ နာကျင်ခံစားရသည်။
လင်းခိုင်သည် ဆန်ပြုတ်ပန်းကန်ကိုယူပြီး ဇွန်းဖြင့်မွှေလိုက်သည်။ "ခင်များ အရင်စားသင့်တယ်၊ ခင်များအတွက် ဆန်ပြုတ်နဲ့ အသားချက်ပေးထားတာ"
လင်းခိုင်သည် ဆန်ပြုတ်နှင့်အသားကို ဇွန်းအပြည့်ယူကာ ရူလန်ကို ခွံကျွေးရန် ကြိုးစားသည်။ ရူလန်သည် အသားကိုမြင်သောအခါ ရွံရှာသွားသည်။ သူက လင်းခိုင် ရဲ့ လက်ကောက်ဝတ်ကို ပုတ်ထုတ်လိုက်ပြီး ဇွန်းလည်း မြေပြင်ပေါ် ပြုတ်ကျသွားသည်၊ "ဒါက ဘာအသားတွေလဲ? မင်း ငါ့ကို လူ့အသားတွေ ကျွေးနေတာလား?! ရွံဖို့ကောင်းလိုက်တာ!"
YOU ARE READING
တတိယလူအဖြစ်ကူးပြောင်းခြင်း
Fantasyဒီnovelလေးမှာ Arc 15ခုရှိပါတယ်နော်။ တတ်နိုင်သလောက်မြန်မြန်လေးupdateပေးပါမယ်။ ✌️