Arc 2.16

4.3K 575 5
                                    

unicode

[ ပျူပါ : ဒင်! လျှို့ဝှက်ဇာတ်အိမ်ပေါ်လာပါပြီ။ ကျောင်းကျွင်းကျယ်နဲ့ ရန်လုံဟွေ့ရဲ့ သွေးသားတော်စပ်မှုအကြောင်း ]

[ နေပါဦး ၊ ဒီနေရာမှာ ? အခုချက်ချင်း?! ဒီလူရဲ့လက်ကို နမ်းပြီးတာနဲ့?]

[ ပျူပါ : ဟုတ်တယ်။ စိတ်ကို ပြင်ဆင်ထား၊ အဲ့တာက အရမ်းများလိမ့်မယ်။]

ချက်ခြင်းပင်၊ system သည် ဇာတ်အိမ်ကို ယူယွီ စိတ်ထဲသို့ လွှဲပြောင်းပေးခဲ့သည်။ ယူယွီ အနည်းငယ် စိတ်ရှုပ်သွားရသည်။ လျှို့ဝှက်ဇာတ်အိမ်သည် သူ့စိတ်ထဲသို့ ရေကရားလိုမျိုး တဖြည်းဖြည်းချင်း စိမ့်ဝင်သွားသည်။ ယူယွီသည် ဇာတ်ကြောင်းကို ဖြည်းညှင်းစွာ ရှာဖွေတွေ့ရှိခဲ့သည်။

ကျောင်းကျားရီသည် ယခု သူတို့နေထိုင်ရာမြို့ကို အုပ်စိုးသော အင်အားကြီး မာဖီးယားဂိုဏ်း ကျောင်းမိသားစု၏ အမွေဆက်ခံသူဖြစ်သည်။ သို့သော်လည်း ဖခင်သေဆုံးပြီးနောက်တွင် ပင်မအာဏာ ကင်းမဲ့သွားတာကြောင့် မိသားစုသည် တဖြည်းဖြည်းပြိုကွဲသွားခဲ့သည်။ ထို့ကြောင့် မိသားစုကို ကယ်တင်ရန်အတွက် ကျောင်းကျားရီ၏အမေသည် သူ့သားအား ကျောင်းမိသားစု၏ ပြိုင်ဘက်ဖြစ်သူ အာဏာကြီးထွားလာသော သွမ့်မိသားစု၏ တစ်ဦးတည်းသောသမီးနှင့် လက်ထပ်ရန် ကမ်းလှမ်းခဲ့သည်။

အသက် ၂၅ နှစ်အရွယ် ကျောင်းကျားရီသည် ၊ သူ့တွင် ကာလကြာတွဲလာသော ချစ်သူ ရန်ရှမ်းရှိနေ၍ ဤအစီအစဉ်ကို လုံးဝမနှစ်သက်ပေ။ သူသည် ရန်ရှမ်းကို အရမ်း စွဲလန်းနေသည်။ ထို့ကြောင့် စေ့စပ်ပွဲအပြီး နောက်အပတ်တွင် သွမ့်ပိုင်ယနှင့် လက်ထပ်ရန် စီစဉ်ပေးသောအခါ ကျောင်းကျားရီသည် ရန်ရှမ်းနှင့် ပထမဆုံးညကို ကုန်ဆုံးခဲ့သည်။

သူက ရန်ရှမ်းကို ခိုးပြေးမည်ဟု ကတိပေးထားတာကြောင့် ရန်ရှမ်းလည်း သူ့ကိုယ်ထဲမှာ သူ့မျိုးစေ့ကို စိုက်ခွင့်ပေးလိုက်သည်။ သို့သော် ကျောင်းကျားရီသည် ဆုံးဖြတ်ချက်မခိုင်မာတော့ဘဲ နောက်ဆုံးတွင် လက်လျှော့ပြီး သွမ့်ပိုင်ယကို နောက်ရက်သတ္တပတ်တွင် လက်ထပ်ခဲ့သည်။

ရန်ရှမ်းသည် အသည်းကွဲကာ မြို့ကထွက်သွားပြီးနောက် တခြားမြို့တစ်ခုတွင် အလုပ်လုပ်ပြီး ကျောင်းကျားရီရဲ့တရားမဝင်သားဖြစ်သူ ချောမောတဲ့ ကလေးလေး ရန်လုံဟွေ့ကို မွေး၍ တကိုယ်တော်မိခင်ဖြစ်လာခဲ့သည်။ ထိုစဉ် တစ်နှစ်တည်းမှာပင် ကျောင်းကျားရီနှင့် သွမ့်ပိုင်ယတွင် ကျောင်းကျွင်းကျယ်ဆိုသော ကလေးလေးမွေးဖွားခဲ့သည်။

တတိယလူအဖြစ်ကူးပြောင်းခြင်းWhere stories live. Discover now