unicode
ကားလေးစီးသည် လမ်းပေါ်က ဖုတ်ကောင်တွေကို ဖြတ်ကျော်သွားခဲ့သည်။ များစွာသော စွမ်းရည်အသုံးပြုသူများသည် လမ်းကို ရှင်းလင်းရန် သူတို့ရဲ့ ဆိုင်ရာ စွမ်းရည်တွေကို အသုံးချေပေလိမ့်မည်။ အရှေ့က လေစွမ်းရည် အသုံးပြုသူလိုမျိုး လမ်းကြောင်းပေါ်က ဖုတ်ကောင်တွေကို တွန်းထုတ်ဖို့ စွမ်းရည်တွေကို အသုံးပြုကြသည်။
အရှေ့ဘက်တွင် ယာဉ်မောင်းတစ်ဦးနှင့်အတူ ယူယွီသည် သူ့ကိုယ်ပိုင်ကားပေါ်တွင် ရှိနေသည်။ နောက်ထိုင်ခုံမှာတော့ သူနဲ့ လင်းခိုင်သာရှိသည်။
ယူယွီသည် ဘာမှမပြော၊ ဘာမှ ဂရုမစိုက်ဘဲ တစ်ချိန်လုံး မှိန်းနေခဲ့သည်။ နောက်ခံဆက်တင်တွင် ပိဟယ်သည်သာ ယူယွီကို အကြောင်းအရာပေါင်းများစွာ ပေါက်ပေါက်ဖောက်နေခဲ့သူဖြစ်သည်။ ယခုမူကား နူးညံ့ချောမောသော သူအစား ပယင်းရောင်မျက်လုံးများဖြင့် အကြည့်မလွှဲဘဲ ကြောက်စရာကောင်းနေသော လူနှင့် အစားထိုးခံလိုက်ရသည်။
ယူယွီသည် လင်းခိုင်၏ အငြိမ်မနေသော အကြည့်ကြောင့် ထိတ်လန့်နေရသော်လည်း သူ၏ ဇာတ်ကောင်စရိုက်တည်ဆောင်ပုံက မည်သူဆီကမှ ကြောက်ရွံ့ခြင်း သို့မဟုတ် ထိတ်လန့်ခြင်းကို မဖော်ပြရအောင် တားဆီးနေခဲ့သည်။ သူသည် လင်းခိုင်ကို ကြည့်ပြီး ပြောလိုက်သည်။ "လမ်းကိုကြည့်"
"ဘာလို့ကြည့်ရမှာလဲ? ကားသမားမှ မဟုတ်တာ"
"ဒါဆိုလည်း တခြားတစ်ခုခုကိုကြည့်နေ" ယူယွီသည် စိတ်မသက်မသာဖြစ်သွားပေမယ့် လင်းခိုင်ကတော့ သူ့ကိုအလွတ်မပေးပေ။ သူ့ကို အတိအကျ ပစ်မှတ်ထားနေသလိုမျိုး :
"ငါက မင်းရဲ့နောက်လိုက်ပဲ သမ္မတ၊ ငါ မင်းကို တင်းတင်းကြပ်ကြပ် စောင့်ကြည့်နေသင့်တယ် မဟုတ်လား? "
[ system ! မလုပ်နိုင်တော့ဘူး လင်းခိုင်က အရမ်းကြောက်ဖို့ကောင်းတယ်။]
[ ပျူပါ : သည်းခံ၊ ဘာပဲဖြစ်ဖြစ် မင်း ကွဲပြတ်မီတာကို ဖြည့်ရမယ်။ ]
[ စကားမစပ် ကမ္ဘာကြီးက ဘယ်လိုဖျက်ဆီးခံရမှာလဲ? လင်းခိုင်က အဲ့လောက် အစွမ်းထက်တယ်ဆိုရင် စောင့်ပြီး စစ်သားအဖြစ် ဟန်ဆောင်နေဖို့ မလိုဘူးလို့ ထင်တယ်။ သူ လူတိုင်းကို တချက်တည်းနဲ့ သတ်နိုင်တာပဲ။ ]
YOU ARE READING
တတိယလူအဖြစ်ကူးပြောင်းခြင်း
Fantasyဒီnovelလေးမှာ Arc 15ခုရှိပါတယ်နော်။ တတ်နိုင်သလောက်မြန်မြန်လေးupdateပေးပါမယ်။ ✌️