unicode
ရူလန်သည် ကုတင်ပေါ်မှာ ထိုင်နေရင်း ခေါင်းကို ခဏ ခဏခါယမ်းနေသည်ကို ပိဟယ်မြင်သည်။ "ရူလန် မင်း ဘာလုပ်နေတာလဲ"
"အာ၊ ငါ- ငါ ရုတ်တရက် နေမကောင်းချင်လို့" ဟု ရူလန် ကဆိုသည်။
"နေမကောင်းဘူး? ဒါပေမယ့် မင်း စောစောက နေကောင်းနေပုံရတာပဲ" ပိဟယ် က အံ့ဩသွားသည်။ ပိဟယ်သည် သူ့ကိုယ်ပိုင်အစိတ်အပိုင်းကို ဖုံးထားရန်အတွက် မျက်နှာသုတ်ပဝါသေးသေးလေး ဝတ်ထားပြီး ပန်းနုရောင်နှုတ်ခမ်းတွေနဲ့ နူးညံ့တဲ့မျက်နှာက သူ့အတွက် ဆွဲဆောင်မှုအရောင်ဝါတွေ လွှမ်းခြုံထားသည်။ လတ်လတ်ဆတ်ဆတ် ရေတွေဆိုရွှဲနေသည့် သူ့ရဲ့ဖြူစင်သော အသားအရေသည် ယူယွီ အပါအဝင် လူတိုင်းအတွက် သေစေနိုင်လောက်အောင် ဆွဲဆောင်မှု ရှိသည်။ သို့သော် ပိဟယ်၏ နောက်ကွယ်မှ လျှို့ဝှက်နက်နဲသော လျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိပြီးနောက်မှာတော့ ယူယွီသည် ဘာဆွဲဆောင်မှုမှ မခံစားရတော့ပေ။
တကယ်တော့ သူကြောက်သည်။ ပိဟယ်သည် အဆိုးရွားဆုံးအချိန်မှာမှ တိုက်ခိုက်ဖို့ ချောင်းမြောင်းနေသော မြွေပွေးတစ်ကောင်လိုမျိုး မှန်းဆမရသော ရန်သူဖြစ်သည်။ ပိဟယ်က သူ့ကို လင်းခိုင်ဆီ ရောင်းစားလိုက်တယ်လို့ ပြောသော ပျူပါရဲ့စကားကို နောက်ဆုံးတော့ ယူယွီ ယုံလိုက်ပါပြီ။
[ ငါ သူ့ကို သတ်သင့်လား။ system သူ့သဘောထားအမှန်ကို ငါသိနေပြီဆိုတော့ ငါ သူ့ကို ရူလန်အဖြစ်နဲ့ သတ်ခွင့်ရပြီလား? ]
[ ပျူပါ : 'ရူလန်' က လျှို့ဝှက်ဇာတ်အိမ်ကို မသိဘူး၊ 'ယူယွီ' ပဲ သိတာ၊ ဒါကြောင့် ရုလန်က အကြောင်းပြချက်မရှိဘဲ ပိဟယ် ကိုသတ်ရင် အဲ့တာကို OOC လို့ သတ်မှတ်လိမ့်မယ်။ ]
ပိဟယ်သည် သမ္မတရူ၏ စိတ်လှုပ်ရှားမှုကို သတိပြုမိသည်။ သူရယ်မောပြီး ရူလန်ကို ကုတင်ပေါ် တွန်းချလိုက်ကာ ရူလန်၏ခါးရိုးပေါ်ထိုင်၍ သူ့ရဲ့ ငွားစင့်နေသော တင်ပါးနှင့်အတူ ယောက်ျားဖြစ်တည်မှုအရာကို ဖိပွတ်ကာ "ငါတို့ ပြီးသွားရင် မင်း ပိုကောင်းလာလိမ့်မယ် ရူလန်"
[အိုး ဘုရား သခင်! ဘုရားသခင် ! ငါ ဒါကို မလိုချင်ဘူး!]
[ ပျူပါ : ဒါက သည်ကမ္ဘာမှာ မင်းအတွက် ဖြေလျော့ဖို့ အခွင့်အရေးဖြစ်နိုင်တယ် ]
YOU ARE READING
တတိယလူအဖြစ်ကူးပြောင်းခြင်း
Fantasyဒီnovelလေးမှာ Arc 15ခုရှိပါတယ်နော်။ တတ်နိုင်သလောက်မြန်မြန်လေးupdateပေးပါမယ်။ ✌️