Arc 4.3

2K 245 1
                                    

unicode

ယူယွီသည် ဟိုလိုဂရမ်ကိုကြည့်ကာ မေးရိုးပြုတ်ကျသွားသည်။ ဟာဗီးယားသည် ပုံမှန်လူသားမဟုတ်ကြောင်း ရှင်းရှင်းလင်းလင်းသိရပြီး ဤကမ္ဘာကြီးသည် အထူးစွမ်းအားတွေ၊ ကျင့်ကြံခြင်းနဲ့ မှော်ပညာတောင် မပါတဲ့ ပုံပေါ်သည်။ ယူယွီ က ဒီအကြောင်းကို systemကို မေးလိုက်သည်။

[ သူ ကမ္ဘာကြီးကို အဲ့လိုမျိုး ဘယ်လို ဖျက်ဆီးနိုင်ခဲ့တာလဲ? ဒီမှာ ဘာဖြစ်နေတာလဲ? ဒါက မှော်ပညာရှိတဲ့ ကမ္ဘာမဟုတ်ဘူး မို့လား?]

[ပျူပါ : သူက အထူးဖြစ်စဉ်ပါ။ သူ့အဖေ သူရိယ ဧကရာဇ် ရာမက အဆုံးမရှိ စွမ်းအားတွေ ပိုင်ဆိုင်ထားတဲ့ နတ်ဘုရားတစ်ပိုင်းပဲ။ ဒါပေမယ့် သူ့ရဲ့ စွမ်းအား ကို သူချစ်တဲ့သူကပဲ တွန်းအားပေးနိုင်တယ်။ သူ့အခြားဖခင် ဧကရာဇ် ရာမကတော့ ရွှေသွေးဖြစ်တယ်]

[ပျူပါ : ရွှေသွေးတွေက မင်း ဟာဗီးယားကို တွေ့တဲ့အတိုင်းပဲ သူတို့၏မျက်လုံးထဲမှာ အထူးရွှေစက်ဝိုင်းရှိတယ်။ ဖူးစာဖက်နဲ့ ဆုံတွေ့တဲ့အ‌ခါ အရောင်ဖျော့သွားပြီး ရွှေရောင်စစ်စစ်ဖြစ်သွားလိမ့်မယ်။ ရွှေသွေးက လူတစ်ဦးတည်းကိုသာ တစ်သက်လုံးချစ်သွားရမှာ ဖြစ်ပြီး ချစ်ရသူကို ရယူဖို့ ဒါမှမဟုတ် ကာကွယ်ဖို့အတွက်ဆိုရင် ဘာမဆိုလုပ်ပြီး အစွန်းရောက်သွားလိမ့်မယ်။ ရွှေသွေးတွေက အရမ်း သစ္စာရှိတယ်လို့ ပြောလို့ရပေမဲ့ အန္တရာယ်ရှိတဲ့ Yandere ဖြစ်သွားနိုင်ခြေလည်း များတယ်]

[ဒါကြောင့် သူရိယဧကရာဇ်နဲ့ ရွှေသွေး လက်ထပ်ပြီးကတည်းက သူတို့ရဲ့သားက ကမ္ဘာတစ်ခုလုံးကို ဖောက်ခွဲပစ်နိုင်တဲ့ နတ်ဘုရားတစ်ပိုင်း ဖြစ်လာမယ်။ ဟာဗီးယား၏ရွှေရောင်သွေးက လေလာ ကို အချစ်စစ်အဖြစ် ဖန်တီးပေးခဲ့ပေမဲ့ လေလာက ဟာဗီးယားကို သစ္စာမရှိခဲ့လို့ နောက်ဆုံး အသည်းကွဲပြီး ကမ္ဘာကြီးကို ဖောက်ခွဲပစ်လိုက်မယ်။ ငါကောက်ချက်ချတာ မှန်လား? ]

[ပျူပါ : မှန်တယ်။]

ယူယွီ သက်ပြင်းချလိုက်သည်။ ယခင်ကမ္ဘာက အလွန်ပင်ပန်းသောကြောင့် ဤကမ္ဘာတွင် အနားယူနိုင်မည်ဟု သူထင်ခဲ့သည်။ ဤကမ္ဘာပေါ်တွင် ဖုတ်ကောင်များမရှိသော်လည်း မီဂါတန်နျူကလီးယားဗုံးအဖြစ် လုပ်ဆောင်နိုင်သော စိတ်ခံစားချက်မတည်ငြိမ်သော နတ်ဘုရား တစ်ပိုင်းရှိသည်။

တတိယလူအဖြစ်ကူးပြောင်းခြင်းWhere stories live. Discover now