Arc 4.2

2.7K 307 13
                                    

unicode

[ပျူပါ: သူက အဓိကဇာတ်ဆောင်တွေရဲ့သား ဟာဗီးယား ဒီ အာလင်န်ဒွန် ၊ ဒီကမ္ဘာရဲ့ အရှင်သခင်ဖြစ်ပြီး မင်းကို အသွေးအသားထဲက မုန်းတီးနေသူပဲ]

[အယ်?]

ဟာဗီးယားသည် ယူယွီဆီသို့ လျှောက်လာပြီး လက်ဆစ်တွေချိုးကာ လက်သီးကိုဆုပ်ပြီး ယူယွီကို နောက်တစ်ကြိမ် ဗိုက်ကို ထိုးမည်ဖြစ်ပြီး ဒါမှမဟုတ် ပိုကောင်းလျှင် မျက်နှာကို ထိုးပေလိမ့်မည်။ ဟာဗီးယားသည် လက်ဗလာဖြင့် ခြင်္သေ့တစ်ကောင်ကို သတ်နိုင်လောက်အောင် ခွန်အားရှိပြီး အနိမ့်ထိုးချက် တစ်ချက်တည်းဖြင့် ကောင်လေး၏ ခေါင်းကို ခွဲပစ်နိုင်သည်။

ယူယွီသည် သူ့ထံ ခြိမ်းခြောက်မှု ကျရောက်လာသည်ကို ခံစားလိုက်ရပြီး မျက်နှာဖြူဖျော့သွားသည်။

[ဒါက နာကျင်မှာလား?]

[ပျူပါ: မင်းမျက်နှာကို လက်သီးနဲ့ထိုးမိပြီး ချက်ခြင်းသေသွားမှာမို့လို့ မနာပါဘူး။]

ယူယွီသည် တံတွေးမြိုချပြီး ဟာဗီးယားကို ရှောင်ရန် နောက်ကို ဆုတ်လိုက်သော်လည်း သူ့နောက်တွင် ရေပန်းရှိနေသည်ကို သူ မေ့သွားခဲ့သည်။ ယူယွီသည် ချော်ကျပြီး ရေပန်းထဲသို့ နောက်ပြန်ကျသွားခဲ့သည်။ ဒီလို ရှက်စရာကောင်းတဲ့ အနေအထားကနေ ရုန်းထွက်ဖို့ ကြိုးစားရင်း သူရေတွေ ဗွမ်းကနဲ စိုသွားခဲ့သည်။

ငယ်စဉ်က သည်လိုရှက်စရာကောင်းသော အခြေအနေမျိုး ချော်လဲတိုင်း သူ့ကို အမြဲ အနိုင်ကျင့်လေ့ရှိသည့် ခေါင်းမာသော လိုင်ယွန်ကို မြင်လိုက်ရသောအခါ ဟာဗီးယားသည် အံ့အားသင့်သွားသည်။ ပုံမှန်အားဖြင့် လိုင်ယွန်က သူ့ကို အရင်တိုက်ခိုက်လေ့ရှိပြီး သူတို့ရဲ့ရန်ပွဲက တစ်ခါတစ်ရံမှာ သွေးထွက်သံယိုထိ ဖြစ်နိုင်ပါသည်။

[ပျူပါ : ဟားဟားဟား။]

[ဘာရယ်တာလဲ! ဒါက ရှက်စရာပဲ!]

[ပျူပါ : ငါ့အတွက်တော့ ပျော်စရာကောင်းတဲ့ ဖျော်ဖြေမှုပဲ။]

ယူယွီသည် သူ့မျက်နှာကို သုတ်ရင်း အကြိမ်အနည်းငယ် ချောင်းဆိုးနေကာ မတ်တပ်ရပ်ဖို့ ကြိုးစားပေမယ့် ဗိုက်ထဲက နာကျင်မှုက ရုတ်တရက် အကြောတွေ တုံ့ဆိုင်းသွားစေပြီး ရေထဲ ပြန်လဲကျသွားခဲ့သည်။ လေလာသည် အစောင့်နှစ်ဦးနှင့်အတူ ရောက်လာပြီး ဟာဗီးယားရပ်ကြည့်နေသော ရေပန်းမှာ နစ်ဝင်နေသည့် သူမ၏အစ်ကိုဖြစ်သူကို မြင်လိုက်သည်။

တတိယလူအဖြစ်ကူးပြောင်းခြင်းWhere stories live. Discover now