Arc 4.10

1.8K 171 5
                                    

unicode

"လေလာ၊ ငါ ဟာဗီးယား ဒီ အာလင်န်ဒွန်ကို ချစ်တယ်။ ငါ သူ့ကို နှစ်တွေ အများကြီး ချစ်လာခဲ့တာ၊ သူ့အပေါ်ထားတဲ့ ငါ့ခံစားချက်တွေကို ဝန်ခံလိုက်တော့မယ်။"

"ငါ-ငါသိပြီ..." လေလာသည် လိုင်ယွန် ၏ဝန်ခံမှုကို မအံ့သြသော်လည်း ဟာဗီးယားကို ဖွင့်ပြောမည့် ဆုံးဖြတ်ချက်ကို သူမ အံသြသွားခဲ့သည်။

အမှန်အတိုင်းပြောရသော် သူနဲ့ သူ့အစ်ကိုဟာ အိမ်ထောင်ဖက်အတွက် အကြိုက်တူတယ်လို့ ခံစားချက်ရှိခဲ့သည်။ ဟာဗီးယားသည် သူမရဲ့ ငယ်ဘဝ ချစ်ကြိုက်ခဲ့ရသူ ဖြစ်ပြီး လိုင်ယွန်က ဟာဗီးယားကို စိတ်မဝင်စားကြောင်း ပြောခဲ့တာကြောင့် ဒါက သူမအတွက် အတော်လေး အံဩသွားစေခဲ့သည်။

သူမက သူ့ရဲ့အမွှာပါဘဲ၊ လိုင်ယွန်က သတိမမူမိတဲ့ဟာဗီးယားကို စိုက်ကြည့်နေတတ်တာကို မကြာခဏ သတိပြုမိပါသည်။ ဟာဗီးယားပြုံးတဲ့အခါ သူလိုက်ပြုံးပြီး၊ ဟာဗီးယားဝမ်းနည်းပုံ ပေါ်တဲ့အခါ သူမျက်မှောင်ကြုတ်နေလိမ့်မည်။ ဒါပေမဲ့ သူ့ပါးစပ်က မည်သည့်စကားမျှ ထွက်မလာ။ သူတို့ လုပ်သမျှသည် လိုင်ယွန်နဲ့ ဟာဗီးယားကြား ငြင်းခုံမှုတွေသာ ဖြစ်သည်။

ဒါပေမယ့် နောက်ဆုံးတော့ လိုင်ယွန်ဟာ သူ့ရဲ့ခံစားချက်ကို ဝန်ခံတဲ့အတွက် သူမဝမ်းသာမိပါသည်။ နောက်ဆုံးမှာတော့ သူမရဲ့ စိုးရိမ်မှုတွေထဲက တစ်ခုက ပေါ့ပါးသွားခဲ့သည်။ ဟာဗီးယားအတွက် သူမ အပြစ်ရှိသလို ခံစားခဲ့ရသော်လည်း သူက သူမ၏ ငယ်ချစ်ဦးသာ ဖြစ်ပြီး အသက်ကြီးလာပြီးနောက် ထိုခံစားချက်တွေသည် တဖြည်းဖြည်း သေဆုံးသွားခဲ့သည်။ အထူးသဖြင့် ဟာဗီးယားသည် သူမ လိုချင်သော ယောက်ျားအမျိုးအစားမဟုတ်သောကြောင့်ဖြစ်သည်။

"လိုင်ယွန်၊ ဟာဗီးယားက နည်းနည်းတုံးတယ်။ ဘာကိုမှ သတိမမူမိဘူး၊ ရိုမန်တစ် မဆန်ဘူး၊ တစ်ခါတလေ အရမ်းရိုင်းပြတတ်တယ်..." လေလာ က သူ့ခွင့်ပြုချက်မပေးခင် နောက်ဆုံး လိုင်ယွန်ကို သတိပေးခဲ့သည်။

"ငါသိပါတယ်" လို့ လိုင်ယွန် က ပြောလိုက်ပြီး "ငါဖွင့်ပြောဦးမယ်၊ သူငါ့ကိုမချစ်နိုင်ရင်တောင် ငါသူ့ကိုသိစေချင်တယ်။ ငါ့စိတ်ထဲ ဒီဝန်ထုပ်ဝန်ပိုးကနေ ငါလွတ်မြောက်ချင်တယ်..."

တတိယလူအဖြစ်ကူးပြောင်းခြင်းWhere stories live. Discover now