unicode
ထိုနေ့ပြီးနောက် ရူလန်သည် အလွန်အကျွံသုံးစွဲလိုက်သော စွမ်းအင်ကို ပြန်လည်သက်သာလာစေရန် လင်းခိုင်ရဲ့စောင့်ရှောက်မှုတို့ကို လက်ခံခဲ့သည်။ လင်းခိုင်မှာ ပျက်စီးသွားသော တစ်သျှူးများကို ပြန်လည်မွေးဖွားလာစေပြီး စွမ်းအင်ကို ချက်ချင်းပြန်လည်ဖြည့်စွမ်းနိုင်သော ပိဟယ်ကဲ့သို့ တူညီသောစွမ်းအားမရှိပေ။ အဘယ်ကြောင့်ဆိုသော် ပိဟယ်၏စွမ်းရည်သည် သူတစ်ယောက်တည်းသာ ပိုင်ဆိုင်သော စွမ်းရည်တစ်မျိုးဖြစ်သည်။
ကြွက်သားနာကျင်ခြင်း သက်သာစေဖို့ လင်းခိုင်လုပ်ပေးနိုင်သည်က ရေဓာတ်ကို အသုံးပြုခြင်း ဖြစ်သည်။ ရူလန်တစ်ယောက် အပြည့်အဝပြန်ကောင်းလာရန် နှစ်လနီးပါးကြာမြင့်ခဲ့သည်။ လင်းခိုင်က သူ့အတွက် အစားအသောက် ချက်ပြုတ်နေချိန်တွင် သူက ယခု ဒုတိယထပ်မှာ ဒိုက်ထိုးနေသည်။
သူတို့သည် ဖုတ်ကောင်များ ကျရောက်နေသော စွန့်ပစ်မြို့ထဲက အမိုးတစ်ခုတည်းအောက်တွင် အတူနေထိုင်ကြသည်။ သို့သော် ထိုဖုတ်ကောင်များကတော့ ဧရိယာတစ်ဝိုက်ကို ကင်းလှည့်ပေးရသော အစောင့်များဖြစ်လာခဲ့သည်။ ထိုမှ မြို့ထဲကို လူတစ်ယောက်ဝင်လာသောအခါ လင်းခိုင် သတိထားမိပေမည်။
"ရူလန်၊ နေ့လည်စာအတွက် ငါမှိုဟင်းချိုချက်ထားတယ်" လင်းခိုင်ကပြောသည် ။ သူသည် ချွေးတစ်စက်မှ မစိုဘဲ အခါတစ်ရာပြည့်အောင် ဒိုက်ထိုးနေသော ရူလန်ကိုကြည့်နေခဲ့သည်။ ယူယွီကတော့ ပင်ပန်းလွန်းလို့ သေတော့မည်။
[အား! System၊ ငါ ဒါကို မလုပ်နိုင်ဘူး! ]
[ ပျူပါ : မင်းမှာ ရူလန်ရဲ့ ခန္ဓာကိုယ်ရှိတယ်လေ၊ ဘာတွေ ညည်းနေရတာလဲ၊ ဒိုက်ပဲ ဆက်ထိုးစမ်းပါ။ ]
[ဒါပေမယ့် ငါ့ရဲ့ အတွင်းအားက လေ့ကျင့်ဖို့အတွက် တည်ဆောက်ထားတာ မဟုတ်ဘူး။ ငါက အာလူးပဲ အားကစားသမားမဟုတ်ဘူး ။]
လင်းခိုင်က သူ့ကိုခေါ်လိုက်တော့ ပိုပြီး မောပန်းလာသည်။ ဒိုက်ထိုးနေတာကို ရပ်လိုက်ပြီး မတ်တပ်ရပ်လိုက်သည်။ "ငါအရင် ရေချိုးလိုက်မယ်"
ရေချိုးရန် သူ့အခန်းထဲသို့ ရူလန် ဝင်သွားသောကြောင့် ရူလန်၏ ကြွက်သားအပြည့် ကျောပြင်မှာ ချွေးတွေနဲ့ တလက်လက်တောက်ပနေသည်ကို လင်းခိုင်ကြည့်လိုက်သည်။ အပေါ်ပိုင်းဗလာဖြင့် ရူလန်ကိုတွေ့လိုက်တိုင်း အကြောင်းပြချက်မရှိဘဲ သူ့မျက်နှာတွေ ပူလာသည်။
YOU ARE READING
တတိယလူအဖြစ်ကူးပြောင်းခြင်း
Fantasyဒီnovelလေးမှာ Arc 15ခုရှိပါတယ်နော်။ တတ်နိုင်သလောက်မြန်မြန်လေးupdateပေးပါမယ်။ ✌️