unicode
စနေနေ့၏ မနက်ခင်းတစ်ခုတွင် ယူယွီသည် နောက်ကျမှ နိုးလာခဲ့ကာ အိပ်ရာပေါ်မှာပဲ သူ့ခန္တာကိုယ်ကို အကျော့ဆန့်နေခဲ့သည်။ မျက်လုံးကို ပွတ်ပြီး လုံဟွေ့၏ အိပ်ရာပေါ်ကို လှမ်းကြည့်လိုက်တော့ အိပ်ရာထဲတွင် လုံဟွေ့မရှိတော့ပေ။ အခန်းပတ်ချာလည်ကို လိုက်ကြည့်နေခဲ့ပြီး လုံဟွေ့ ရေချိုးခန်းတံခါးကို ဖွင့်လိုက်သောအချိန်တွင် အချိန်ကိုက်ပင် ယူယွီ၏ မျက်လုံးတို့သည် မှင်သက်သွားခဲ့ရသည်။
လုံဟွေ့သည် ခါးတွင် ပဝါတစ်ထည်တည်းသာ ပတ်ပြီး ရေချိုးခန်းတံခါးကို ဖွင့်လိုက်သောအခါ ယူယွီတစ်ယောက် ပွဲတော်တွေ့သွားခဲ့သည်။ ရေချိုးပြီးကာစဖြစ်ပြီး သူ့ဆံပင်ပေါ်က ရေစက်နွေးနွေးလေးတွေသည် သူ့ဝမ်းဗိုက်ကြွက်သား တောက်လျှောက် စီးကျနေ၍ ရတနာသိုက်ရှိရာ လမ်းကြောင်းကို ကာထားသော ပဝါသည် ရေစက်တို့ကို စုပ်ယူနေသည်။
[ အာ...မင်္ဂလာ နံနက်ခင်းလေးပါ အရမ်းကြည့်ကောင်းတဲ့ ကြွက်သားခြောက်ထုပ်ရေ... ]
ယူယွီသည် သူ့ကို လိုချင်တပ်မက်နေသော အကြည့်တွေဖြင့် ကြည့်နေသော အခါ လုံဟွေ့ မျက်နှာရဲသွားခဲ့သည်။ ယူယွီသည် သူ့အကြည့်တွေကို မဖုံးဖိထားလိုက်ဘဲ မျက်လုံးတွေသည် သူ့ ကြွက်သားတွေကနေ ဟိုနေရာအထိ စုန်ဆင်းသွားခဲ့သည်။ လုံဟွေ့သည် သူ့ကိုယ်ကို ချက်ချင်းလှည့်လိုက်ပြီး ထစ်အစွာ ပြောလိုက်သည်။ "မင်း__မင်းလည်း ရေသွားချိုးသင့်ပြီ။ ငါတို့ ချိန်းတွေ့ __ ပြောချင်တာက ငါတို့ ဒီနေ့ စာအုပ်ဆိုင် သွားကြမှာ ဆိုတော့"
"အ_အား... ဟုတ်သားပဲ" ယူယွီသည် မိန်းမောနေရာကနေ လန့်သွားခဲ့သည်။ လုံဟွေ့ခန္တာကိုယ်သည် အကြည့်မလွှဲနိုင်အောင် ဆွဲဆောင်မှုရှိလွန်းလှသည်။ ယူယွီသည် ရေနွေးနွေး ချိုးလိုက်ပြီး လုံဟွေ့လိုမျိုး ပဝါတစ်ထည်တည်းဖြင့် ရေချိုးခန်းထဲက ထွက်လာခဲ့သည်။ သူသည် လုံဟွေ့ ၏တုံ့ပြန်မှုကို သိချင်သော်လည်း ရေချိုးခန်းတံခါးဖွင့်လိုက်သောအခါ လုံဟွေ့ကို ရှာမတွေ့ပေ။
[ ပျူပါ : လုံဟွေ့က အပြင်မှာ ]
[ စိတ်မကောင်းလိုက်တာ ! ငါ့ ကိုယ်ကိုလည်း သူ့ကို မြင်စေချင်လို့ ]
YOU ARE READING
တတိယလူအဖြစ်ကူးပြောင်းခြင်း
Fantasyဒီnovelလေးမှာ Arc 15ခုရှိပါတယ်နော်။ တတ်နိုင်သလောက်မြန်မြန်လေးupdateပေးပါမယ်။ ✌️