Arc 2.18

4K 565 1
                                    

unicode

ယနေ့သည် အထက်တန်းကျောင်းမှ ဘွဲ့ရပြီးသူတိုင်းအတွက် အရေးကြီးသောနေ့တစ်နေ့ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ယနေ့သည် ကောလိပ်ဝင်ခွင့်(သို့) တက္ကသိုလ်ဝင်ခွင့် အတွက် တစ်နိုင်ငံလုံးဆိုင်ရာ စာမေးပွဲကျင်းပရာ နေ့ဖြစ်သည်။ သွမ့်ပိုင်ယသည် ကျွင်းကျယ်နှင့် ယူယွီတို့ကို မြို့လယ်ခေါင်တွင်ရှိသော အမျိုးသားတက္ကသိုလ်ဖြစ်သည့် စာမေးပွဲနေရာသို့ ကားမောင်းပို့ပေးခဲ့သည်။

"အား ငါ့သားက အမှတ်ကောင်းကောင်းနဲ့ အထက်တန်းကျောင်းပြီးပြီး ကောလိပ်ဝင်ခွင့်ဖြေတော့မှာကို ယုံတောင် မယုံနိုင်ဘူး" သွမ့်ပိုင်ယသည် နောက်ပြောင်ပြီး "ပြောပါဦး သား ဘာလိုချင်လဲ? ကားအသစ်လား? အိမ်အသစ် မြေအသစ်လား? ပြောလိုက် သားကို အမေပေးမယ်။"

"စာမေးပွဲပြီးရင် သား ယူယွီနဲ့ တရားဝင်စေ့စပ်ထားချင်တယ်" ကျွင်းကျယ်က ရှင်းရှင်းလင်းလင်းပြောခဲ့သည်။ သူ့အသံတွင် တွန့်ဆုတ်မှုမရှိပေ။ သူသည် ယူယွီရဲ့လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားခဲ့သည်။

သွမ့်ပိုင်ယသည် သူ့ဆန္ဒကို အတည်ပြုပေးလိုက်တဲ့ ယူယွီကို တစ်ချက်ကြည့်လိုက်သည်။ "အန်တီ ခွင့်ပြုတယ်ဆိုရင် တက္ကသိုလ်ဘွဲ့ရပြီးတာနဲ့ သား ကျွင်းကျယ်ကို လက်ထပ်ပါ့မယ်။"

သွမ့်ပိုင်ယသည် တစ်ယောက်နှင့်တစ်ယောက် ဂရုစိုက်နေကြသော ချစ်ငှက်စုံတွဲကို စိုက်ကြည့်နေသည်။ ကျွင်းကျယ်၏ ဘဝထဲတင် ယူယွီ၏ တည်ရှိမှုသည် ကိစ္စတော်တော်များများကို ပြောင်းလဲသွားစေသည်။ သူ့ပညာရေး၊ သူ့သဘောထားနှင့် သူ့ဘဝရည်မှန်းချက်တို့ အရာများစွာကို ပြောင်းလဲစေခဲ့သည်။ သွမ့်ပိုင်ယသည် သူအနားယူပြီးတဲ့အခါ သွမ့်မိသားစုစီးပွားရေးကို ကျွင်းကျယ်ထိန်းကျောင်းနိုင်လိမ့်မည်ဟု စိတ်ချယုံကြည်သည်။

တစ်ချိန်တည်းမှာပင် ယူယွီအတွက် ကျွင်းကျယ်တည်ရှိနေခြင်းသည်လည်း သူ့အား လုံခြုံမှုနှင့် မိဘမဲ့အနေနဲ့ တစ်ခါမှမခံစားဖူးသော ချစ်ခြင်းမေတ္တာတို့ကို ပေးစွမ်းသည်။ ကျွင်းကျယ်သည် အရသာရှိပြီး ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများကို ယူယွီ နေ့စဉ်စားရန် အမြဲတမ်း ယူဆောင်သွားလေ့ရှိသောကြောင့် သူ့ရဲ့လူနေမှုဘဝ အခြေအနေမှာလည်း သိသိသာသာ တိုးတက်လာခဲ့သည်။

တတိယလူအဖြစ်ကူးပြောင်းခြင်းWhere stories live. Discover now