unicode
မိုးလေဝသ ခန့်မှန်းချက်မှာ မှန်ခဲ့သည်။ နောက်တစ်နေ့တွင် မိုးစဲသွားပြီး မနက်ကနေ ညအထိ ရာသီဥတု သာယာနေခဲ့သည်။ ယူယွီသည် အဝတ်လဲခန်းထဲတွင် သူ့လည်စည်းကို ပြင်ဝတ်ရင်း အလုပ်ရှုပ်နေ၏။ ပိဟယ်နှင့် သူ့ရဲ့ ပထမဆုံး Date အတွက် စိတ်လှုပ်ရှားလျက်ရှိသည်။ လရောင်ကိုကြည့်ရန် မြို့ပြင်ရှိတောင်ကုန်းပေါ်သွားဖို့ သူတို့ စီစဉ်ခဲ့ကြပြီး သိပ်မဝေးသောကြောင့် ကားဖြင့် သွားနိုင်သည်။
သို့သော် ယူယွီသည် ကား မည်သို့မောင်းရမည်ကို မသိပေ။ သူ့ကမ္ဘာမှာ အသက် ဆယ့်ကိုးနှစ်ရှိနေပြီ မှန်သော်လည်း ကိုယ်ပိုင်ကားမရှိဖူးသလို ကားဘယ်လိုမောင်းရမည်မှန်းမသိ။ ကားတစ်စီး ဝယ်ဖို့ မတတ်နိုင်လို့ မဟုတ်ဘဲ သူသည် ကားမောင်းရာ၌ အတော့်ကို ဆိုးရွားနေသောကြောင့် ဖြစ်သည်။
[ ပျူပါ : ဒါပေမယ့် မင်းအသက် ဆယ့်ကိုးနှစ်ရှိပြီလေ။ မင်းကားကို ဘယ်လိုမောင်းရမလဲ၊ အနည်းဆုံးတော့ မော်တော်ဆိုင်ကယ်ကို ဘယ်လိုမောင်းရမလဲ သိသင့်တယ်။]
[ပြောချင်တာက တရားမဝင်တော့ ငါ မောင်းနိုင်တာပေါ့။ ဒါပေမယ့် ငါ ယာဉ်မောင်းစာမေးပွဲကို ငါးကြိမ်ဆက်တိုက် ကျထားလို့ ယာဉ်မောင်းလိုင်စင်တော့ မရဘူး...]
[ ပျူပါ - မော်တော်ဆိုင်ကယ် မောင်းနှင်စမ်းသပ်မှု စာမေးပွဲရောလား?]
[နှစ်ဘီးယာဉ်စမ်းသပ်မှုမှာ ငါ ခြောက်ကြိမ်တောင် တိုက်ခဲ့တယ်...]
[ ပျူပါ :...]
[ ဒါပေမယ့် ငါက ပရော်ဖက်ရှင်နယ် ဘတ်စ်ကား စီးနင်းသူနော်။]
ယူယွီသည် သက်ပြင်းချလိုက်သည်။ ကံကောင်းစွာနှင့်ပဲ ရူလန်လည်း ဒီကမ္ဘာကြီးမှာ ကားမမောင်းဖူးပေ။ အကြောင်းမှာ သူသည် ငွေဇွန်းကိုက် မွေးဖွားလာခဲ့ပြီး ကမ္ဘာပျက်ပြီးနောက်တွင်ပင် အကောင်းဆုံးအရာများကို သူ့အတွက် ဖြည့်ဆည်းပေးနေဆဲဖြစ်သည်။ သူတို့အပြင်ထွက်သည့်အခါတိုင်း ပိဟယ်က ကားမောင်းပေးသည်။
ထို့ကြောင့် ရူလန်သည် အနက်ရောင်ဝတ်စုံ၊ နက်ပြာရောင်လည်စည်းဖြင့် ဧည့်ခန်းတွင် စောင့်ဆိုင်းနေခဲ့သည်။ သူ့ခေါင်းက ခပ်ပွပွ အုပ်အုပ်ကလေး ရှိနေပြီး ထင်းလင်းစွာ တောင့်ဖြောင့်ပုံပေါ်သည်။ တာဝါ ဧည့်စင်္ကြံရှိ လူတိုင်းက သူ့ကို ငေးကြည့်နေသည်ကို မရပ်နိုင်ခဲ့ပေ။ သမ္မတရူသည် အချိန်အများစုတွင် သပ်ရပ်သော ပုံပေါ်သော်လည်း ယနေ့တွင် သူသည် အနက်ရောင်ကြယ်တစ်ပွင့်နှင့်တူသည်။
YOU ARE READING
တတိယလူအဖြစ်ကူးပြောင်းခြင်း
Fantasyဒီnovelလေးမှာ Arc 15ခုရှိပါတယ်နော်။ တတ်နိုင်သလောက်မြန်မြန်လေးupdateပေးပါမယ်။ ✌️