unicode
"ငါ အားလုံးမြင်ပြီးပြီ ပုစွန်ဆိတ်"
ယူယွီသည် တံတွေးမြိုချလိုက်ပြီး ကျွင်းကျယ်က မေးရိုးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားရင်း အချိန်မရွေး ချိုးပစ်လိုက်မှာကို သူ ကြောက်နေမိသည်။ သူနည်းနည်းရုန်းလိုက်ပြီး "ကျွင်း_ကျွင်းကျယ် ငါ့မေးရိုးနာတယ်..."
ကျွင်းကျယ်က ပြက်ရယ်ပြုကာ မေးရိုးကို ဖြေလျှော့လိုက်သော်လည်း ယူယွီ၏နှုတ်ခမ်းများကို လက်မနှင့် ကြမ်းကြမ်းတမ်းတမ်း ပွတ်သပ်လိုက်သည်။ သူ အနားကို တိုးလာပြီး ကျွင်းကျယ် ရဲ့ အသက်ရှုသံတွေက ယူယွီ၏နားရွက်ကို ယားယံစေသည် "မင်းနှုတ်ခမ်းတွေက သူ့ကို နမ်းပြီးပြီလား? ပြောစမ်း လုံဟွေ့ကို မင်းလိုလူမျိုးဆီက အနမ်းမခံရစေချင်ဘူး"
"ငါ-ငါသူ့ကိုမနမ်းရသေးဘူး..." ယူယွီသည် နောက်ပြန်ဆုတ်ဖို့ကြိုးစားပေမယ့် ကျွင်းကျယ်က သူ့ထွက်ပေါက်ကို လုံးဝပိတ်ပစ်လိုက်သည်။ ကျွင်းကျယ်သည် သူ့မေးစေ့ကို ယူယွီ၏ ပုခုံးပေါ်မှီပြီး လုံးဝကာထားလိုက်သည်။ ကျွင်းကျယ်သည် တမင်ဆွပေးချင်သလို မျက်ခုံးကို ပင့်ကာ သူ့လက်မသည် ယွင်ယွီ၏ နှုတ်ခမ်းတွေကို ထပ်မံပွတ်သပ်လာခဲ့ပြီး ယခုတစ်ကြိမ်တွင်တော့ အဓိပ္ပါယ်အချို့ဖြင့် ပိုပြီးနူးညံ့သွားသည်။
ယူယွီ၏ ခန္ဓာကိုယ်ကို ကျွင်းကျယ်ရဲ့ သန်မာသော ရင်ဘက်ဖြင့် ဖိထားခဲ့ပြီး ကျွင်းကျယ်သည် လုံဟွေ့လို မော်ဒယ်တစ်ယောက်မဟုတ်ပေမယ့် သူ့ရဲ့ သန်မာတဲ့ လက်မောင်းနဲ့ ရင်ဘတ်ကတော့ ကျွင်းကျယ်လည်း ပုံမှန် လေ့ကျင့်ခန်းလုပ်ကြောင်း သက်သေပြနေသည်။ သူသာ ပုံမှန် ယောက်ျား သို့မဟုတ် မိန်းမ ဖြစ်ခဲ့လျှင် ကျွင်းကျယ်က သူ့ကို ဤကဲ့သို့ ပွေ့ဖက်ထားလျှင် အော်ငိုမိလိမ့်မည်။ ဒါပေမယ့် သူ့ကို သေနတ်နဲ့ ချိန်ထားခဲ့တဲ့ ကျွင်းကျယ်ရဲ့ ပုံရိပ်က ယူယွီစိတ်ထဲမှာ ထာဝရ စွဲထင်နေပြီ ဖြစ်တာကြောင့် အခုချိန်မှာတော့ သူ့စိတ်ထဲမှာ ကြောက်ရွံ့မှု ကလွဲလို့ ဘာမှ မရှိပေ။
ရုန်းကန်ဖို့ အကြိမ်ပေါင်းများစွာ ကြိုးပမ်းနေသော ယူယွီသည် ငြိမ်သွားပြီး နာခံနေပြန်တော့ ကျွင်းကျယ် စိတ်ကျေနပ်သွားသည်။ အဲ့တာသည် ပြေးစရာမရှိသော ချောင်ပိတ်မိနေသည့် ကြွက်တစ်ကောင်သည် အမှန်တကယ်ပင် ကြောက်လန့်နေသော်လည်း ရုန်းကန်ကြိုးစားနေတာနှင့် တူသည်။
YOU ARE READING
တတိယလူအဖြစ်ကူးပြောင်းခြင်း
Fantasyဒီnovelလေးမှာ Arc 15ခုရှိပါတယ်နော်။ တတ်နိုင်သလောက်မြန်မြန်လေးupdateပေးပါမယ်။ ✌️