Arc 1.4

5.7K 705 6
                                    

unicode

စံအိမ်ကို မင်းသားမိုက်ကယ်ဆီမှာ စောင့်ကြည့်ခံနေရတော့ ယူယွီသည် ညနေခင်း အပန်းဖြေလမ်းလျှောက်ဖို့ ဆုံးဖြတ်လိုက်သည်။

မြို့သည် ကြီးကျယ်ပြီး သန့်ရှင်းသည်။ ဗိသုကာလက်ရာတွေက လှပသည်။ ချစ်သူစုံတွဲတွေ အတူတူကုန်ဆုံးနိုင်သော နေရာကောင်းတွေအများကြီးရှိသည်။ ဒါပေမဲ့ ယောကျ်ားနှင့် မိန်းမကြားမှာ လက်မထပ်ခင် မည်သည့်ဆက်နွယ်မှုမှ မရှိစေရဟူ၍ တားမြစ်ထားသော ဘုရားကျောင်း၏ စည်းကမ်းတင်းကျပ်မှုကြောင့် ထိုနေရာကောင်းများသည် အသုံးမဝင်ဖြစ်နေရသည်။

ယူယွီသည် တစ်ကိုယ်တည်း လမ်းလျှောက်နေပေမဲ့ သူတစ်ယောက်တည်း မဟုတ်တာကို သိသည်။ မင်းသားမိုက်ကယ်၏ လူလေးယောက်သည် ထောင့်ချိုးတိုင်းတွင် ယူယွီကို စောင့်ကြည့်နေသည့်အကြောင်း system က ပြောပြထားသည်။ မိုက်ကယ်သည် သူ့ကို လက်ပူးလက်ကြပ် အမိဖမ်းချင်သည့် ပုံပေါ်သည်။

ယူယွီသည်ပြုံးပြီး လမ်းဆုံလမ်းဂွကနေ လှည့်လိုက်သည်။ သူ့ပစ်မှတ်ဖြစ်သော ညနေဘက် ပန်းသီးရောင်းသည့် အဘွားအိုကိုမြင်လိုက်သည်။ အဘွားအိုသည် မုဆိုးမဖြစ်ပြီး ပန်းသီးရောင်းခြင်းသည် သူမ၏ အသက်မွေးမှုဖြစ်သည်။ မြို့ထဲက ဆင်းရဲသောနေရာတွေအကြောင်း system ကို ယူယွီမေးနှင့်ပြီးသား ဖြစ်သည်။

မြို့စားဒမီယမ်သည် အရပ်ရှည်သော်လည်း သူ့ရဲ့နူးညံ့သော ပုံပန်းအသွင်အပြင်ကြောင့် ကျက်သရေရှိလှသည်။ ယူယွီသည် ဒါကိုအသုံးချပြီး ပုံရိပ်ကောင်းတစ်ခုကို ဖန်တီးခဲ့သည်။ သူသည် မုဆိုးထောက် ထိုင်ချလိုက်ကာ သူ့ရဲ့ နူးညံ့သော မျက်ဝန်းတွေသည် အနီရောင်လက်သွားပြီး မကြားရနိုင်သော စကားအချို့ကို ရွတ်ဆိုလိုက်သည်။ ပြီးတဲ့နောက် သူသည် အဘွားအိုကိုပြုံးပြလိုက်ပြီး "အဘွား, ကျွန်တော် ပန်းသီးတစ်အိတ်ဝယ်ချင်လို့ပါ"။

အဘွားအိုသည် ဤကဲ့သို့ နူးညံ့သိမ်မွေ့သော အမျိုးသားကို တွေ့ရသည့်အတွက် အံ့ဩသွားသည်။ သူသည် သာမန် ကျေးလက်သား တစ်ယောက်မဟုတ်တာ လုံးဝသေချာပေမဲ့ အဘွားအိုဆီက ပန်းသီးကို ဝယ်ချင်သည်ဟုဆိုလာသည်။ အဘွားအိုက ပန်းသီးအိတ်ကို ပေးလိုက်ပြီး ကျသင့်ငွေထက် ဆယ်ဆပိုများသော ငွေပမာဏကိုတော့ သူမထံ ယူယွီပြန်ပေးလိုက်သည်။

တတိယလူအဖြစ်ကူးပြောင်းခြင်းWhere stories live. Discover now