Arc 1.10

5.1K 665 1
                                    

unicode

မင်းသားမိုက်ကယ် ဘုရားကျောင်းကို ပြန်သွားပြီးသည့်နောက် ယူယွီသည် system ကို မေးလိုက်သည်။

[ ငါ့သရုပ်အမှန်ကို သိသွားတာတောင်မှ သူ့ဖူးစာမီတာက ပိုမြင့်လာတယ်လို့ ဘာလို့ခံစားနေရတာလဲ? ]

[ ပျူပါ : မှန်တာပေါ့ ကွဲပြတ်မီတာ ၇၀% ဖူးစာမီတာ ၅၅% သူမင်းကို ချစ်မိနေပြီ။ ဒါက လူသားကမ္ဘာမှာဆိုရင် ပုံမှန်အတွဲတွေ အခြေချပြီး လက်ထပ်လေ့ရှိတဲ့ ရာခိုင်နှုန်းကို ရောက်နေပြီပဲ။ ကလေးရပြီးတဲ့အခါ ဒါမှမဟုတ် အတူနေနေကြပြီး ဘာပြဿနာမှ မရှိတဲ့ အခါ အချစ်တွေပိုတိုးလာကြတယ် ]

[ မင်းအဲ့လောက်ထိ ရှင်းပြဖို့ မလိုဘူးသိလား။ ငါက စပ်စုချင်မိရုံလေးပဲ။ ဒါနဲ့ သူက ငါ့ကို ဘာလို့ ချစ်မိသွားရတာလဲ. ငါတို့က ရန်သူတွေ မဟုတ်ဘူးလား ]

[ ပျူပါ : ဘာကြောင့်လဲ? မင်းလုံးဝမချစ်တဲ့ လူတစ်ယောက်က မင်းကို ချစ်မိသွားလို့ အပြစ်ရှိသလို ခံစားနေရတာလား ? ငါက နှလုံးသားမပါတဲ့ စက်ရုပ်တစ်ရုပ်ပါ ဒါပေမဲ့ ချစ်ခြင်း နဲ့ မုန်းခြင်းဆိုတာ အလွှာပါးပါးလေးတစ်ခုပဲ။ isekai ဂျပန်ဇာတ်လမ်းတွေထဲက ခပ်တုံးတုံး ဇာတ်လိုက်တွေလို လုပ်မနေစမ်းပါနဲ့ ]

ယူယွီ တံတွေးမြိုချလိုက်မိသည်။ မှန်တာပေါ့ သူအပြစ်ရှိသလိုကို ခံစားရသည်။ သူသည် လူတစ်ယောက်၏ နှလုံးသားကို အကြောင်း ပြချက်မရှိဘဲ ကစားတတ်သော နှလုံးသားမဲ့ သွေးအေးသူ မဟုတ်ပေ။ ဒီကမ္ဘာမှာ သူ့တာဝန်သည် မြင့်မြတ်တဲ့ စွမ်းအားကို သုံးပြီး လူတွေသတ်သည့် မိုက်ကယ့်ကို တားဆီးရန်သာဖြစ်သည်။ မိုက်ကယ်က သူ့ကိုယ်သူ သူတော်စင်ဂုဏ်ပုဒ်နှင့် မထိုက်တန်ဘူးဟု တွေးလေ ယူယွီ သူ့အလုပ်ပြီးမြောက်လေ ဖြစ်သည်။

[ ပျူပါ : မင်းနှလုံးသားကို မာကြောအောင်လုပ်ထားသင့်တယ်။ ငါတို့မှာ နောက်ထပ်ကမ္ဘာတွေ အများကြီးကျန်သေးတယ်။ ဒီလို အခြေအနေတွေက မကြာခဏ ကြုံရမှာပဲ ]

ယူယွီသည် သက်ပြင်းချလိုက်သည် ။ သူ့အခန်းကို ပြန်လာပြီး ကြက်လည်ပင်းကို ချိုးကာ ငူငူငိုင်ငိုင်နှင့် သွေးစုပ်လိုက်သည်။ သူ့ကိုယ်သူ မဆေးကြောခင် ကြက်သုံးကောင် သွေးကို သောက်ပြီး ဆင်ခြေဖုံးကို ထပ်သွားခဲ့သည်။

တတိယလူအဖြစ်ကူးပြောင်းခြင်းWhere stories live. Discover now