unicode
"ကိုယ်တော့်ကို ရှုပ်ထွေးအောင် လုပ်ဖို့ လူတွေကို ကူညီခဲ့တယ်ဆိုတာ အမှန်ပဲလား?"
[ ဟင်းးး မိုက်ကယ်က သူ့ရဲ့ သံသယတွေကို ဘယ်တော့မှ ဖျောက်တော့မှာမဟုတ်ဘူး ဟုတ်တယ်မလား!? ]
[ ပျူပါ : သူ့သံသယတွေကို ဘယ်တော့မှ ဖျောက်နိုင်လိမ့်မယ် ငါမထင်ဘူး။ ကြက်ဆင်သားကင်ကို တွေးပြီး မင်းရဲ့ သရုပ်မှန်ကို ထုတ်ပြမိတဲ့ ပေါ့ဆမှုလည်း တစ်စိတ်တစ်ပိုင်းပါတယ် ]
[ အဲ့တာ တစ်ကြိမ်တစ်ခါတည်း ဖြစ်တာပါ! တစ်ကြိမ်တည်း! ]
ယူယွီသည် အံကြိတ်လိုက်ပြီး သူ့လက်ကို မိုက်ကယ်ဆုပ်ကိုင်ထားမှုကနေ ဆွဲထုတ်လိုက်သည်။ သို့သော် မိုက်ကယ်သည် သူ့လက်ဖဝါးတွေကို မြဲမြံစွာ ဆုပ်ကိုင်ထားခဲ့သည်။ မိုက်ကယ်သည် ရေနစ်နေတဲ့ လူတစ်ယောက်က စိတ်ပျက်အားငယ်စွာ သစ်ကိုင်းစကို ဆွဲထားခဲ့သလိုမျိုး မြဲမြံစွာ ဆုပ်ကိုင်ထားပြီး ယူယွီမျက်လုံးထဲ နက်ရှိုင်းစွာ ငေးကြည့်ကာ သူ့စိတ်ရင်းကို ရှာဖွေနေသည်။
ယူယွီသည် သူ့ခေါင်းကို ဘယ်ဘက် လှည့်လိုက်ပြီး အေးစက်စွာ အော်လိုက်သည်။
"အရှင့်သားနဲ့ ပြောနေဖို့ စိတ်ရှည်မနေဘူး ကျေးဇူးပြုပြီး အရှင့်သား ထွက်သွားပေးပါ"
"မောင်မင်း ပြန်မဖြေမချင်း မသွားနိုင်ဘူး!" မိုက်ကယ်က ပြတ်သားစွာဆိုလာသည်။
"ဘာကြောင့် အဲ့လောက်သိချင်နေတာလဲ...? ကျွန်တော်မျိုးမှာ အဲ့တာကို ပြန်ဖြေဖို့ ဘာအကြောင်းမှ မရှိဘူး။" ယူယွီက တည်ငြိမ်စွာ ဆိုလိုက်သည် ။ သို့သော် သူ့ခေါင်းထဲမှာတော့ သူ့စိတ်တွေ ဆောက်တည်ရာမရ ဖြစ်နေသည်။ သံသယဝင်စရာမကောင်းအောင် ပြန်ဖြေနိင်မည့် နည်းလမ်းကို သူရှာဖွေနေသည်။
[ ပျူပါ : သူ့ကိုယ်သူ ဂါထာနဲ့ မန်းမှုတ်ထားတယ် ]
[ ငါသိတယ်! သူမျက်လုံးထဲမှာ တစ်ခုခု သေချာပေါက်ရှိနေတယ်။ အခုလိမ်လိုက်ရင် သူချက်ချင်းသိသွားမယ်လို့ ငါထင်တယ် ။ ငါ အခု မကျရှုံးချင်ဘူး။ ငါတို့ ပြီးဆုံးဖို့ နီးကပ်နေပြီကို ]
YOU ARE READING
တတိယလူအဖြစ်ကူးပြောင်းခြင်း
Fantasyဒီnovelလေးမှာ Arc 15ခုရှိပါတယ်နော်။ တတ်နိုင်သလောက်မြန်မြန်လေးupdateပေးပါမယ်။ ✌️