unicode
"မောင်မင်းက တကယ်တော်တဲ့ သရုပ်ဆောင်ပဲ"
ယူယွီသည် နေရာမှာတင် အေးခဲသွားခဲ့ပြီး ကြောင်အနေခဲ့သည်။ မိုက်ကယ်သည် ထိတ်လန့်နေသော မြို့စားကို စိုက်ကြည့်နေပြီး မရှင်းလင်းသော ထင်မြင်ချက်တို့ သူထံမှာရှိနေခဲ့သည်။ မြို့စားသည် ခိုင်မာသော အယုံအကြည်မဲ့တစ်ယောက်ဖြစ်ပြီး ဘာအကြောင်းကြောင့်ဖြစ်စေ ဘာသာကူးပြောင်းဖို့ လက်မခံခဲ့ပေ။ ဒါပေမဲ့ သူ့တွင် ကြင်နာတတ်သော စိတ်ထားရှိသည်။ မိုက်ကယ်မြင်ဖူးခဲ့သမျှသူထဲတွင် အကြင်နာတတ်ဆုံးဖြစ်သည်။ သူဆင်းရဲရပ်ကွက်ကို သူတော်စင်မ လာခဲ့တုန်းကပင် သူမက စွန့်ပစ်ခံလူတွေကို ကူညီနေတုန်းပေမဲ့ သူမမျက်နှာပေါ်မှာ သတိပြုရန်မလွယ်ကူသော ရှုံ့မဲ့မှု သေးသေးလေး ရှိနေသေးသည်။
သို့သော် မြို့စားကတော့ အဆင်ပြေလွန်းလှသည်မှာ မိုက်ကယ် ဝန်မခံချင်ပေ။ ထို့ကြောင့် မြို့စားသည် ဟန်ဆောင်နေသည်ဟုသာ တွေးချင်သည်။ ဘုရားသခင်ကို ယုံကြည်ကိုးစားသော နောက်တော်ပါးဖြစ်သည့် မိုက်ကယ်ကို စိန်ခေါ်ချင်နေသောကြောင့်သာ သူဟန်ဆောင်နေရုံသက်သက် ဖြစ်မည်။
မိုက်ကယ်သည် မြို့စားက အမှန်တကယ်ပင် ကြင်နာတတ်သော စိတ်ဝိဉာဉ်ရှိသူဖြစ်ကြောင်း လက်ခံရန်ငြင်းဆန်ခဲ့သည်။
မြို့စားသည် အချိန်ခဏလောက် ရပ်တန့်နေခဲ့ပြီး ခေါင်းထဲမှာတော့ ယူယွီသည် တုန်လှုပ်စိတ်လှုပ်ရှားနေခဲ့သည်။
[ system! ပျူပါ! ငါကျရှုံးသွားပြီ! အား! ]
[ ပျူပါ : မရှုံးသေးပါဘူး ]
[ ဒါပေမဲ့ သူက ငါသရုပ်ဆောင်မှန်း သိနေတယ်လေ! ]
[ ပျူပါ : သူက ဒီတိုင်း စွပ်စွဲနေတာဖြစ်မှာပါ။ သူက မင်း ဒီကမ္ဘာက မဟုတ်မှန်း တကယ်သိရင် ငါတို့ ချက်ချင်း ကန်ထုတ်ခံရမှာပေါ့။ ဒီတိုင်း မင်းက သနားကြင်နာတတ်သယောင် သရုပ်ဆောင်နေတယ်လို့ သူတွေးနေတာပဲ ဖြစ်မှာ ]
[အာ... အဲ့လိုလား] သူ စိတ်သက်သာရာ ရသွားသည်။ သူ့မျက်နှာဖုံး ခွာချခံရပြီဟု သူတွေးထင်ခဲ့သောကြောင့်ဖြစ်သည်။
YOU ARE READING
တတိယလူအဖြစ်ကူးပြောင်းခြင်း
Fantasyဒီnovelလေးမှာ Arc 15ခုရှိပါတယ်နော်။ တတ်နိုင်သလောက်မြန်မြန်လေးupdateပေးပါမယ်။ ✌️