Arc 2.6

5K 674 10
                                    

unicode

"မင်း သူ့ကို အနိုင်ကျင့်ချင်ရင် ငါ့ကို အရင်သတ်မှရမယ် အရိုင်းစိုင်းကောင်"

ကျွင်းကျယ်သည် မတ်တပ်ထရပ်ကာ လုံဟွေ့ကို ဒေါသဖြင့်ရော စိတ်ပျက်မှုဖြင့်ပါ ကြည့်လိုက်သည်။ ဖြစ်ပြီးသွားမှ ထွက်ပြေးသွားသော ပုစွန်စိတ်ကိုလည်း သူဒေါသထွက်နေသည်။ ကျွင်းကျယ်သည် အံကြိတ်လိုက်ပြီး ပုစွန်ဆိတ်ကောင်ကို မျော့သွားအောင် ရိုက်နှက်၊အရိုးတွေ ချိုးကာ ရေဆိုးမြောင်းထဲ လွှတ်ပစ်ချင်နေသည်။ ထို ပုစွန်ဆိတ်ကောင်သည် လုံဟွေ့ရှေ့မှာ သူ့ကို အမြင်မှားအောင် လုပ်သွားခဲ့သည်။

ကျွင်းကျယ်သည် စိတ်လျှော့အောင် ကြိုးစားလိုက်ပြီး သူ့ဘုရားသခင်ရှေ့မှာမို့ သူ့ကို ယဉ်ကျေးမှုမရှိသော အရိုင်းအစိုင်းကောင်ဟု မမြင်စေချင်ပေ။ "လုံဟွေ့ အဲ့ပုစွန်စိတ်ကောင်က ဟန်ဆောင်နေတာ။ မင်းသနားအောင်လို့ အားနည်းချင်ယောင်ဆောင်နေတာ"

လုံဟွေ့သည် သည်ခွေးကောင်ကို ထပ်ပြီးဆွဲထိုးချင်လာသောကြောင့် လက်သီးကို ဆုပ်ထားခဲ့သည်။ ကျောင်းကျယ်က ယူယွီကို ကြောက်စရာကောင်းအောင် အနိုင်ကျင့်ထားသည်မှာ ထင်ရှားနေခဲ့ပြီ။ ဘာလို့ဆို ယူယွီ အဆောင်ကထွက်လာကတည်းက သူယူယွီအနောက်က လိုက်လာခဲ့သည်။ သန့်ရှင်းရေး အဒေါ်ကြီးတွေနဲ့ ယူယွီ ဘယ်လောက်ရင်းနှီးပြီး ကူညီပေးကြောင်း သူမြင်လိုက်ပြီး၊ နောက်တော့ ကျွင်းကျယ်က လာနှောင့်ယှက်ခဲ့သည်။

အစကတော့ ကျွင်းကျယ်နှင့် ယူယွီကို ရင်းနှီးသော သူငယ်ချင်းတွေဟု ထင်လိုက်ပြီး သူအတော်လေး သဝန်တိုသွားခဲ့သည်။ ယူယွီ အသက်ရှူမဝတော့သည်အထိ ကျွင်းကျယ်လည်ပင်းညှစ်ထားတာ၊ သူ့ခေါင်းကို ကိုင်ထားတာ၊ အော်ဟစ်ပြီး ယူယွီကို အိမ်စာတွေ အတင်းလုပ်ခိုင်းတာ မမြင်ခင်အထိပင်ဖြစ်သည်။

သူ့ဒေါသတွေကို ချိုးနှိမ်ဖို့ အတော်ကြိုးစားနေခဲ့သော်လည်း ယူယွီ၏ မျက်ရည်တွေကို မြင်လိုက်ရသောအခါ သူ့ကိုယ်သူ မထိန်းနိုင်တော့ဘဲ အရှေ့ကို ထွက်လာခဲ့သည်။

လုံဟွေ့သည် နှာခေါင်းရှုံ့လိုက်ပြီး " လုံဟွေ့လို့ခေါ်ရလောက်အောင် မင်းနဲ့ငါ မရင်းနှီးဘူး။ ကျောင်းကျွင်းကျယ်၊ မင်းက မာဖီးယားသားဖြစ်နေတာနဲ့ပဲ မင်းလုပ်သမျှ မှန်တယ်လို့ တွေးနေတာလား? ယူယွီကို အနိုင်ကျင့်လိုက်ရလို့ ကိုယ့်ကိုယ်ကိုယ် အတော်ကြည့်ကောင်းတယ် ထင်နေတာလား? မင်းက အရှက်မရှိတဲ့ အကောင်ပဲ !"

တတိယလူအဖြစ်ကူးပြောင်းခြင်းWhere stories live. Discover now