unicode
[ဟင်း...]
[ ပျူပါ : အဲဒါက တစ်နေ့တာရဲ့ နှစ်ဆယ့်ခြောက်ကြိမ်မြောက် သက်ပြင်းချသံပဲ၊ ဒီတစ်ခါရော ဘာလဲ?]
[ သုံးလတောင် ကုန်သွားပြီ ငါနဲ့ လင်းခိုင်ကြားမှာ တိုးတက်မှုမရှိသေးဘူး။ သူက အခု ငါခိုင်းသမျှ လုပ်တဲ့ အမိန့် နာခံတတ်တဲ့ ခွေးပေါက်ကလေး ဖြစ်နေပြီ။ ဒါပေမယ့် ငါ သူ့ကို ညစ်ညမ်းတဲ့ အရာတွေ ခိုင်းလို့မရဘူး...ဟင်း။]
[ ပျူပါ : ဘာလို့ အာသာဖြေဖို့ပဲ စိတ်အားထက်သန်နေတာလဲ၊ မင်းအတွက် အလုပ်မှာ အာရုံစိုက်ထားတာသာ အကောင်းဆုံးပဲ။]
[ မင်းလည်း သိတာပဲ လုံဟွေ့ က အရင်ကမ္ဘာမှာ ငါ့ကို ထိပ်ကနေ ပိတ်လိုက်တာလေ။ လုံဟွေ့က yandere ဖြစ်ဖို့ ဆုံးဖြတ်ပြီး ငါ့ကို နို့ပူပူတိုက်မယ့်အစား ကျည်ဆံပူပူနဲ့ ပစ်သတ်လိုက်လို့ ကျွင်းကျယ်နဲ့ ငါ မလုပ်နိုင်ခဲ့ဘူးလေ။ အခု ငါက အိမ်ထောင်ရေး သုခ မပြည့်ဝလိုက်တဲ့ မိန်းမပဲ!]
[ ပျူပါ : သူ yandere ဖြစ်လာတာကလည်း မင်းအပြစ်ပဲလေ... ခံပေါ့။]
[ ဒါ—ဒါပေမယ့် ငါ မင်းဆီကနေ လျော်ကြေး တောင်းနေရဦးမှာပဲ!]
[ ပျူပါ : ဒီကမ္ဘာမှာတော့ မရဘူး။ လင်းခိုင်က မင်းအတွက် ဖြူစင်လွန်းတယ်။]
ပျူပါသည် ယူယွီ၏ရှေ့တွင် ရုပ်လုံးပေါ်လာပြီး ပတ်ချာလည် ပတ်နေသည်။ "တကယ်လိင်စိတ် ဆန္ဒမပြည့်ဝနေရင် ဘာလို့ ပိဟယ်နဲ့ သွားမလုပ်တာလဲ။ သူက သေချာပေါက် အရင်ဦးဆောင်မှာပဲ"
"ငါမလုပ်ချင်ဘူး"ယူယွီက ပြတ်ပြတ်သားသား ငြင်းလိုက်သည်။ သူ့ပါးစပ်က ဒါမျိုး ထွက်လာတာ အတော်လေးကို အံ့အားသင့်သွားရပြီး "ပိဟယ်က သာမန်ရိုးရိုးလူမဟုတ်ဘူး၊ သူက ငါထင်ထားတဲ့ ကြာပန်းဖြူမဟုတ်ဘူးဆိုတာ ငါမြင်နေရတယ်။ တကယ်တော့ လင်းခိုင်ကမှ သူ့ထက်ပိုဖြူစင်တယ်လို့ ငါထင်တယ်"
"ဒါဆို သူက အန္တရာယ်လာရှိနိုင်လို့ မင်းသူ့နဲ့ မလုပ်ဖူးပေါ့? "
"မဟုတ်ဘူး၊ ငါက လင်းခိုင်ရဲ့ နှလုံးသားကို မထိခိုက်စေချင်လို့ ပိဟယ်နဲ့ မလုပ်တာ"ယူယွီက ပြန်ဖြေလိုက်သည်။ "မင်းတွေ့တယ်မလား။ ငါ လင်းခိုင် ကို သဘောကျလာတယ်။ သူက ချိုသာတယ်၊ သန်မာတယ်၊ နာခံတတ်တယ်၊ ပြီးတော့ ချစ်ဖို့ကောင်းတယ်။ သည်ကမ္ဘာထဲက တစ်ယောက်ယောက်နဲ့သာ လိင်ဆက်ဆံမယ်ဆိုရင် အဲ့တာက လင်းခိုင်နဲ့ပဲ ဖြစ်လိမ့်မယ်။ ဒါပေမယ့် ဖြစ်လာမယ်ဆိုရင်တောင် သူနဲ့လိင်ဆက်ဆံဖို့က အချိန်တစ်ခုယူရလိမ့်မယ်..."
YOU ARE READING
တတိယလူအဖြစ်ကူးပြောင်းခြင်း
Fantasyဒီnovelလေးမှာ Arc 15ခုရှိပါတယ်နော်။ တတ်နိုင်သလောက်မြန်မြန်လေးupdateပေးပါမယ်။ ✌️