Unicode
လုံဟွေ့နှင့် ယူယွီတို့ အကြည့်ချင်းဆုံသွားခဲ့ပြီး လုံဟွေ့အသက်ရှုသံတို့ ခေတ္တရပ်တန့်သွားခဲ့သည်။ လုံဟွေ့ဘက်ကပင် စတင်ပြီး သူ့ဖန်ကောင်မလေးတစ်ယောက်ဆီ အကြည့်လွှဲလိုက်ကာ ပြုံးပြရင်း ယူယွီ၏ အကြည့်တွေကို ရှောင်နေခဲ့သည်။
ယူယွီလည်း မျက်နှာရှုံ့မဲ့သွားပြီး ခေါင်းကိုငုံ့ကာ သူ့ပေါက်စီကိုသာ ဆက်စားနေလိုက်သည်။
[ အဲ့ကောင် သူ့ဖန် ကောင်လေးတွေ ကောင်မလေးတွေနဲ့ပဲ ဝန်းရံနေမယ်ဆိုရင် သူဘာလို့ ငါ့ကို လာကြည့်နေရသေးလဲ? သူ့ဖူးစာမီတာနဲ့ ကွဲပြတ်မီတာကလည်း ဘာအကြောင်းပြချက်နဲ့ တိုးသွားရတာလဲ? ]
[ ပျူပါ : သူမင်းကို သနားပြီး အန္တရာယ်က ကာကွယ်ပေးချင်လို့ ဖြစ်မှာပေါ့။ မင်းက အလွယ်တကူ အနိင်ကျင့်ခံရမယ့် ရုပ်ပေါက်နေတာကိုး ]
[ ဇာတ်လမ်းဆင်မနေနဲ့။ သူက ဘဝင်လေဟပ်နေတဲ့ အကောင်ပဲ။ ငါ သူနဲ့ ဘာမှ မလုပ်ချင်ဘူး။ ကျွင်းကျယ်ဆီက ကွဲပြတ်မီတာတိုးလာဖို့ပဲ အာရုံစိုက်တော့မယ် ]
သူသည် လုံဟွေ့နှင့် ပတ်သက်ပြီး စိတ်မဝင်စားနှင့်တော့ပြီ။ သည်ကမ္ဘာပေါ်တွင် သူတို့သည် မတူညီသော ဘဝကို ရှင်သန်နေကြရသည်။ လုံဟွေ့ကတော့ သူ့ကို လေးစားအားကျသူတွေနဲ့သာ ဝန်းရံနေပြီး ယူယွီကတော့ အချိန်တိုင်း အသုံးမဝင်သော ပေါလောမျောနေသည့် လိမ္မော်ရောင် ပေါက်ဖက်နှင့်သာ ဝန်းရံနေခဲ့ရသည်။
စာသင်ချိန်စပြီးနောက် အရာအားလုံးသည် ပုံမှန်အတိုင်း လည်ပတ်နေသည်။ ယူယွီသည် အတန်းချိန်ပြီးဆုံးချိန် ညနေပိုင်းတွင် အဆောင်သို့ ပြန်လာခဲ့သည်။ သူ့မှာ လုပ်စရာ စာတမ်းတွေ ပုံနေခဲ့ပြီး လုံဟွေ့ကတော့ ပြန်မလာသေးပေ။ သို့သော် ထိုအကောင်ကို ယူယွီ အာရုံထဲ မထားပါ။
" system, လုံဟွေ့နဲ့ ကျွင်းကျယ်ရဲ့ ဆက်ဆံရေးက ကမ္ဘာကို ဘယ်လိုဖျက်စီးလိုက်တာလဲ အခုပြောပြဦး" ယူယွီမေးလိုက်သည်။
"ကျွင်းကျယ်က သည်မြို့ရဲ့ အာဏာအရှိဆုံး မာဖီးယားဂိုဏ်းရဲ့ အမွေဆက်ခံသူ။ သူ လုံဟွေ့နဲ့ တွဲတော့ သူတို့ဆက်ဆံရေးက အနိမ့်အမြင့် အတက်အကျတွေ များပြီး ရန်ဖြစ်တာလည်း ခဏ ခဏပဲ။ လုံဟွေ့က သာမန်ရိုးရှင်းတဲ့ ကောင်လေးမဟုတ်ဘူး။ သူ့နောက်မှာလည်း အမည်မဖော်တဲ့ မာဖီးယားဂိုဏ်းတစ်ခုရှိတယ်။ အဆုံးသတ်မှာ လုံဟွေ့နဲ့ ကျွင်းကျယ်က ခါးခါးသီးသီး ရန်သူတွေ ဖြစ်လာပြီး အချင်းချင်း တိုက်ခိုက်ဖို့ အာဏာတွေ သုံးလာကြတယ်။ သူတို့ကြောင့် မြို့ထဲမှာ ကြာရှည်ပြီး အန္တရာယ်များတဲ့ ရန်ပွဲတွေဖြစ်လာတယ်။ အခြားမြို့တွေကိုပါ ရိုက်ခတ်သွားတယ်။"
YOU ARE READING
တတိယလူအဖြစ်ကူးပြောင်းခြင်း
Fantasyဒီnovelလေးမှာ Arc 15ခုရှိပါတယ်နော်။ တတ်နိုင်သလောက်မြန်မြန်လေးupdateပေးပါမယ်။ ✌️