unicode
[ ပျူပါ : ဒင်! ကျောင်းကျွင်းကျယ်ရဲ့ ဖူးစာမီတာ ၉၀% အထိတိုးလာပါပြီ ။ host က လျှို့ဝှက်ဇာတ်အိမ်ကို အောင်မြင်စွာဖြည်လိုက်နိုင်တဲ့အတွက် ဘောနပ်စ် ဖူးစာမီတာ ဖြစ်ပါတယ် ၊ ဂုဏ်ယူပါတယ်။ ]
[ ဟင်? ဘာလို့ နောက်ကျမှ အကြောင်းကြားစာကို ရတာလဲ? လွန်ခဲ့တဲ့ နာရီပိုင်းလောက်ကတည်းက လျှို့ဝှက်ဇာတ်အိမ်ကို ငါ ဖော်ထုတ်ပြီးနေပြီ! ]
[ ပျူပါ - ဘောနပ်စ် ၂၀% ဖူးစာမီတာကိုမရရှိခင် ဖူးစာမီတာကို အရင်တိုးအောင် လုပ်ဖို့ လိုအပ်တယ်။ ဘာပဲဖြစ်ဖြစ်၊ ဒါက အံ့အားသင့်စရာ ဖြစ်လာနိုင်ပေမယ့် လျှို့ဝှက်ဇာတ်အိမ် နှစ်ထပ်ရှိတဲ့ ကမ္ဘာတွေလည်း မင်းတွေ့လိမ့်မယ်။]
[ ဒါဆို ဖူးစာမီတာက ၄၀% ဖြစ်လာမှာလား? ]
[ ပျူပါ - မဟုတ်ဘူး ဒုတိယ လျှို့ဝှက်ဇာတ်အိမ်က ကွဲပြတ်မီတာကို ၂၀ % တိုးလာစေလိမ့်မယ်။ လျှို့ဝှက်ဇာတ်အိမ် နှစ်ထပ်ရှိတဲ့ ကမ္ဘာကို တွေ့ရင် ၊ ဖူးစာမီတာရော ကွဲပြတ်မီတာရော နှစ်ခုလုံးမှာ ၂၀% တိုးလာလိမ့်မယ်။ ]
[ဟက် သပ်ရပ်သားပဲ ]
ကျွင်းကျယ်သည် ယူယွီရဲ့လက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားပြီး သူ့မျက်လုံးတွေက ယူယွီ အပေါ်မှာပဲ အာရုံစိုက်နေကာ အထူးသဖြင့် ယူယွီ ကတိပေးပြီးတဲ့နောက်တွင် သူ့နှလုံးသားက လျင်မြန်စွာခုန်နေခဲ့သည်။
"အဲ့ဒါက ကတိပဲနော်။၊ အမေရဲ့ဆန္ဒကို ဖြည့်ဆည်းပေးနိုင်အောင် ငါသေချာလုပ်မယ်" ကျွင်းကျယ်သည် ယူယွီရဲ့လက်ကို ညင်သာစွာ နမ်းလိုက်ပြီး ယူယွီရဲ့ လက်ဖဝါးပေါ်မှာ သူ့ပါးကို အပ်ထားကာ "ယူယွီ ငါ မင်းကို ထာဝရချစ်နေမယ်။ ငါတို့ အထက်တန်းကျောင်းပြီးရင် အချစ်က ပြီးဆုံးသွားလိမ့်မယ် ဒါမှမဟုတ် ငါဒီကိစ္စကို အလေးအနက်မထားဘူးလို့ မင်းထင်ကောင်းထင်နေလိမ့်မယ်။ ဒါပေမယ့် နက်နက်နဲနဲပြောရရင် မင်းက ငါလိုချင်တဲ့သူဆိုတာ ငါသိတယ်။"
"ငါ ထိပ်တန်းအဆင့်ကိုရောက်ပြီး ငါ့အစွမ်းအစနဲ့ ငါ ထိပ်တန်းတက္ကသိုလ်ကို ဝင်ခွင့်ရမယ်ဆိုရင် မင်းရဲ့ကတိကို ငါမှတ်ထားမယ်။ တက္ကသိုလ်တက်တာနဲ့ ငါ မင်းနဲ့ စေ့စပ်ချင်တယ်၊ ပြီးတော့ တက္ကသိုလ်ဘွဲ့ရပြီးရင် ငါတို့လက်ထပ်ကြမယ်" ကျွင်းကျယ်သည် တောင်းပန်သံ တစ်ဝက်ပါသော လေသံဖြင့် စကားဆိုလိုက်သည်။
YOU ARE READING
တတိယလူအဖြစ်ကူးပြောင်းခြင်း
Fantasyဒီnovelလေးမှာ Arc 15ခုရှိပါတယ်နော်။ တတ်နိုင်သလောက်မြန်မြန်လေးupdateပေးပါမယ်။ ✌️