unicode
"မင်းဦးနှောက်တွေ ထွက်ကျသွားအောင် မတိုက်ပစ်ခင် အထဲဝင်လာခဲ့ ပုစွန်ဆိတ်ကလေး"
ကျွင်းကျယ်၏ ခြိမ်းခြောက်မှုသည် ကြည်လင်သော ကောင်းကင်မှာ မိုးချုန်းသံလိုမျိုး ထွက်ပေါ်လာခဲ့သည်။ ယူယွီ၏ စိတ်သည် ဗလာကျင်းသွားပြီး ဘာဆက်လုပ်ရမှန်းမသိ နေရာမှာတင် အေးခဲကြောင်အနေခဲ့သည်။ အထူးသဖြင့် ကျွင်းကျယ်၏ ကားဒပ်ရှ်ဘုတ်ပေါ်က သေနတ်ကို မြင်သောအခါ ကြောက်ရွံ့မှုကြောင့် ခြေထောက်တွေ တုန်ရီလာခဲ့သည်။
[ ပျူပါ : အဲ့တာ သေနတ်အစစ်ပဲ မင်းအတွက် ပြောပြတာ ]
[ well, system, no shit ]
ဒပ်ရှ်ဘုတ်ပေါ်က သေနတ်ကို ယူယွီသတိပြုမိမှန်း ကျွင်းကျယ်သိသည်။ ယူယွီ၏ ခြေထောက်တွေသည် တုန်ရီနေပြီး မြေကြီးပေါ်လဲကျသွားသည်။ ကျွင်းကျယ် ရယ်ပြီး ကားတံခါးဖွင့်ကာ ယူယွီဆီ လျှောက်လာခဲ့သည်။
ခြေထောက်တွေ အားမရှိတော့သောကြောင့် ကျွင်းကျယ်ဆီက ယူယွီလေးဘက်ထောက်ပြီး ဆောက်တည်ရာမရ ထွက်ပြေးနေရသည်။ မြင်ကွင်းသည် ကျွင်းကျယ်မျက်လုံးထဲတွင် ကြွက်တကောင် အကူအညီမဲ့ ထွက်ပြေးနေသလိုမျိုး အတော်ရယ်စရာကောင်းနေသည်။ "ဘာလဲ? အခုမှကြောက်နေပြီလား? မင်း ငါ့ကို လိမ်နေတုန်းကတော့ ကြောက်တဲ့ပုံမပေါ်ပါဘူး"
"ကျွင်း_ကျွင်းကျယ် ၊ ကျေး_ကျေးဇူးပြုပြီး..." ယူယွီသည် ကျွင်းကျယ်ကို သူ့ကို သတ်ဖို့ အဆင်သင့်ဖြစ်နေသော နတ်ဆိုးတစ်ကောင်လို မြင်နေခဲ့သည်။ ကျွင်းကျယ်သည် နှာခေါင်းရှုံ့လိုက်ကာ ယူယွီကို ကော်လံကနေ ဆွဲမလိုက်သည်။ ကားဆီကို ဆွဲခေါ်လာခဲ့ပြီး ထိုင်ခုံမှာ ထိုင်ဖို့ အကြမ်းပတမ်း ပစ်ထည့်လိုက်သည်။ ကျွင်းကျယ်သည် ဒရိုင်ဘာ ထိုင်ခုံဘက်ကို ပြန်လာပြီး ယူယွီတစ်ယောက် ထိုင်ခုံမှာ တုန်နေတာကို မြင်တော့ ရယ်မောပစ်လိုက်သည်။
"ကျွင်းကျယ်၊ ငါ_ငါ မရယ်ရွယ်ပါဘူး။ ငါက ဒီအတိုင်း..."
"မင်းက မရည်ရွယ်ဘူးလား? ဒါပေမဲ့ လုံဟွေ့ကိုတော့ ကောင်းကောင်းကြီး ဖျားယောင်းလိုက်နိုင်သားပဲ" ကျွင်းကျယ်သည် လှောင်ရယ်လိုက်ကာ ဒပ်ရှ်ဘုတ်က သေနတ်ကို ထုတ်ကာ ယူယွီကို တည့်တည့်ချိန်လိုက်သည်။ "ပုစွန်ဆိတ်၊ ငါမင်းကို အရမ်းဒေါသထွက်နေတာ သိလား။ ငါမင်းကို တစ်ခါတည်း သည်မှာ သတ်ပစ်လိုက်လို့ရတယ်"
YOU ARE READING
တတိယလူအဖြစ်ကူးပြောင်းခြင်း
Fantasyဒီnovelလေးမှာ Arc 15ခုရှိပါတယ်နော်။ တတ်နိုင်သလောက်မြန်မြန်လေးupdateပေးပါမယ်။ ✌️