မိတ်ဆက် / မိတျဆကျ

410 11 1
                                    

Zawgyi

ဘာသာပြန် = မင်းနောင်

အကျဉ်းချုပ်

သွေးတစ်စက် = အသက်တစ်ခု

လူတိုင်း ဂိမ်းတစ်ခုကို ညလုံးပေါက် ဆော့ဖူးကြလိမ့်မလား
ကျွန်တော်လည်း ဂိမ်းကို ညလုံးပေါက် ဆော့နေရတယ်..

ကမ္ဘာကြီးကို

စကြာဝဠာ နယ်မြေချိတ်ဆက်ခြင်း မုန်တိုင်း ကျရောက်လာရာက စတင်ခဲ့သည်။ မြောက်မြားစွာသော နယ်မြေချိတ်ဆက်မှု နှင့်အတူ ချိတ်ဆက်မှုနယ်မြေများစွာ ပေါ်ပေါက်လာတယ်။ နယ်မြေတွေကနေ အရင်စိတ်ကူးထဲမှာပဲ ရှိသည့် တန်ခိုးရှင်၊ သူတော်စင်၊ နတ်ဆိုး၊ ကောင်းကင်ဘုံသား၊ နတ်သူငယ် စသည့် အမျိုးအမည် မသိသည့် ဒဏ္ဍာရီတွေက အမှန်တကယ် ပေါ်ပေါက် လာခဲ့တယ်။

ခေတ်သစ်တစ်ခုမွေးဖွားခြင်း စတင်ခဲ့၏။

ချိတ်ဆက်မှုနယ်မြေ နေရာများစွာဟာ ကျွန်တော့်ဖုန်းမှာ ဂိမ်းအသွင် ချိတ်ဆက်နေခဲ့တယ်။ အခြားသူတွေ အသက်နဲ့ရင်းပြီး နယ်မြေတွေဆီ စွန့်စားခရီးထွက်နေချိန်မှာ ကျွန်တော်က အချိန်တိုင်း ဂိမ်းဆော့နေခဲ့တယ်။

နယ်မြေသစ်က မျိုးနွယ်ခြားသတ္တ၀ါတွေကို သတ်ပြီး ရလာသည့် အမြုတေတွေသည် လူသားတွေကို စွမ်းရည်သစ်ကို တိုးပွား လာရုံမက ကိုယ်ပိုင်သတ္တ၀ါတွေ ရလာစေတယ်။ သူတို့ကို ကိုယ်နှင့်အတူ တိုက်ပွဲဝင်စေရုံသာမက သီးသန့် စေလွှတ် တိုက်ခိုက်နိုင်သလို သူတို့၏ စွမ်းရည်နှင့် ကြံ့ခိုင်မှုကို မိမိနှင့်ပေါင်းစပ်၍ တိုက်ပွဲဝင် နိုင်တယ်။

ဘ၀မှာ မျိုးနွယ်ခြားသတ္တ၀ါတွေ ရှားပါးနေသလား?

ကျွန်တော်ကတော့
သွေးတစ်စက် = အသက်တစ်ခု နှင့် ဂိမ်းကို စတင်နေခဲ့ပါပြီ

နိုင်လားတော့ မမေးနဲ့ဦး
ကျွန်တော် သွေးသွင်းဖို့ အမှန်တကယ် လိုအပ်နေပြီဗျ..

ဤစာစဉ်သည် Super God ene (ဟန်ဆန်း) ကို ရေးသည့် စာရေးဆရာ Twelve-Winged Dark Seraphim ၏ ဒုတိယမြောက် စာအုပ်ဖြစ်သည်။ စာရေးဆရာသည် အကောင်မျိုးစုံကို လေ့လာ နိုင်စွမ်း ကောင်းသည်သာမက စိတ်ကူးစွမ်းအား ထူးဆန်း၏။ ဟန်ဆန်းစာစဉ် ရေးရင်း ၃နှစ်အကြာမှာ စတင်ရေးခဲ့သည်။ ပုံစံသစ်မျိုးကို မြင်ရမည်ဖြစ်သည်။ အခန်းတိုင်းကို အသေးစိတ်ဖော်ပြမှုက စာဖတ်သူများ ကျေနပ်စေလိမ့်ဟု ထင်မြင်ယူဆပါသည်။ ကမ္ဘာမြေရှိ ဘာသာတိုင်း၏ ဒဏ္ဍာရီပုံပြင်များ၊ လူစွမ်းကောင်းများ၊ အရှေ့တိုင်း အနောက်တိုင်း ထူးခြားဆန်းကြယ်မှုများကို ဖတ်ရှုနိုင်ပါလိမ့်မည်။ စိတ်ကူးယဉ်ဇာတ်လမ်းသာ ဖြစ်သဖြင့် ဇာတ်လမ်းလို ခံစားပေးပါရန်... ...
သူ့ကလောင်အမည်ပင်လျှင် တောင်ပံ(၁၂)ခုနှင့် အနက်ရောင် နတ်သား(နတ်သမီး) ဟူ၍ ထူးခြားနေပါ၏။

[ Book I ]ဂိမ်းလေးတော့ အေးဆေးဆော့ခွင့်ပြု [ဂိမ်းလေးတော့ အေးဆေးဆော့ခွင့်ပြု]Where stories live. Discover now