Chapter 75

20 6 0
                                    

Zawgyi

အခန်း(၇၅) မီးနတ်ဘုရားစင်မြင့်

ကျိုးဝမ် သည် ချိတ်ဆက်မှုဖိုရမ်တွင် အလျင်စလို စာရေးမတင်သေးပါ။ အဲဒီအစား သူသည် အခြားသူများ၏ လမ်းညွှန်ချက်များကို ပထမဆုံး အရင်ကြည့်လိုက်သည်။

လမ်းညွှန်ချက်သည် အဓိကအားဖြင့် ငွေကြေးပေးချေမှုနည်းလမ်းများဖြင့် သုံးမျိုးခွဲခြားနိုင်သည်။

ပထမနည်းလမ်းမှာ လမ်းညွှန်ချက်တစ်ခုသည် အခမဲ့ပုံစံ စီစဉ်ပေးထားသည်။ ထိုကဲ့သို့ လမ်းညွှန်ချက်များသည် ဖတ်ရှုသည့်အခါ အခကြေးငွေပေးစရာ မလိုအပ်ပါ။ ဝင်ရောက်ဖတ်ရှုသူ များလာသည် နှင့် ဖိုရမ်မှနေပြီး အချက်အလက်အချိုးအတိုင်း သေချာသော ပမာဏဖြစ်သည့် ချိတ်ဆက်မှုပွိုင့်များကို ပေးအပ်သည်။

အမှန်အားဖြင့် လမ်းညွှန်ချက်ကို ဝင်ရောက်ဖတ်ရှုသူနည်းလျှင် စာရေးသူသည် ချိတ်ဆက်မှုပွိုင့်များ အများကြီးရရှိရန် မဖြစ်နိုင်ပါ။ စာဖတ်သူ ၁၀၀၀၀ ဖတ်မှလျှင် ချိတ်ဆက်မှုပွိုင့် ၁ပွိုင့်သာရနိုင်သည်။

ချိတ်ဆက်မှုပွိုင့်ဆိုသည်မှာ ချိတ်ဆက်မှုဖိုရမ်၏ စနစ်တွင်အသုံးပြု ရသည့် ပွိုင့်ဖြစ်သည်။ ထိုအရာသည် ငွေကြေးကဲ့သို့ သုံးပစ်ခြင်း ၊ ထုတ်ယူခြင်း ပြုလုပ်၍မရပါ။ သို့သော်လည်း ထိုပွိုင့်များကို လဲလှယ်မှု ကြားခံတစ်ခုအနေဖြင့် ချိတ်ဆက်မှုဖိုရမ်၏ တရားဝင်ဈေးဆိုင်တွင် အသုံးပြုနိုင်သည်။ အမြုတေများနှင့် တွဲဘက်သားရဲဉများ အတွက် ရွေးချယ်စရာများရှိသလို ခက်ခဲသောပစ္စည်းများအတွက် များပြားသောပွိုင့်များ လိုအပ်မည်ဖြစ်သည်။

လိုအပ်သည့်ပစ္စည်းများကို လဲလှယ်ရာတွင် အီးမေးလ်လိပ်စာတစ်ခုသာ လိုအပ်သည်။ ပစ္စည်းလက်ခံရာတွင်လည်း စကားဝှက်တစ်ခုသာ လိုအပ်ပြီး မည်သည့်အချက်အလက်ကိုမှ ပြသရန် မလိုအပ်ပါ။

ဒုတိယလမ်းညွှန်ချက် အမျိုးအစားမှာ ၎င်းကို ငွေကြေးဖြင့် တိုက်ရိုက် ရောင်းချခြင်းဖြစ်သည်။  အဆိုပါလမ်းညွှန်ချက်များသည် ပိုက်ဆံ ပေးပြီးမှ ဖတ်နိုင်သည်။ ဈေးနှုန်းကို စာရေးသူမှ သတ်မှတ်ပြီး ချိတ်ဆက်မှုပွိုင့်များဖြင့်သာ ဝယ်ယူနိုင်သည်။

[ Book I ]ဂိမ်းလေးတော့ အေးဆေးဆော့ခွင့်ပြု [ဂိမ်းလေးတော့ အေးဆေးဆော့ခွင့်ပြု]Where stories live. Discover now