Chapter 53

24 7 0
                                    

Zawgyi

အခန်း(၅၃) စောစီးစွာ ကောလိပ်ဝင်ခွင့်ရခြင်း

“ဒီလူတွေက ဘယ်သူတွေလဲ?”

သူတို့က ကျင့်တာရှန်းကို လိုက်ဖမ်းတဲ့သူတွေ ဆိုတည်းက တစ်ခြားအဖွဲ့ချုပ်က အမှုထမ်းတွေလား၊ စစ်သားတွေ ဖြစ်မယ်ထင်တယ်၊ ဒါဆို ဘာကြောင့် ငါ့လို ရိုးရိုးနိုင်ငံသား တစ်ယောက်ကို ကားနဲ့ပွတ်တိုက်ဖို့ မောင်းလာရတာလဲ?”

ကျိုးဝမ် မျက်မှောင်မသိမသာ ကြုတ်သွားပြီး ဆက်တွေးနေမိသည်။

“ငါနဲ့ ကျင့်တာရှန်းက ဘာရင်းနှီးမှုမှ ရှိတာမဟုတ်ဘူး၊ ဖြစ်နိုင်တာက သူတို့က ကျင့်တာရှန်း ငါ့ကို ပျောက်ဆုံးအင်မော်တယ်ဆုဒြာ ပေးခဲ့တာကို သိသွားပြီး သူ့ကြံရာပါအဖြစ် ယူဆသွားတာလား?”

သူတွေးမိလေ ကိစ္စများက ပိုဖြစ်လာနိုင်လေ ဖြစ်ပြီး သူသည် အခြေအနေ ဆိုးရွားနေပြီကို တွေ့လိုက်သည်။ အမျိုးသမီး၏ လှုပ်ရှားမှုများကို ကြည့်ပြီး သူတို့သည် ဘယ်နည်းနဲ့မှ နောက်ဆုတ်မည့်ပုံ မပေါ်နိုင်ပါ။

ဒီကိစ္စသည် သူ့ကိုင်တွယ်နိုင်သည့် အနေအထားထက် ပိုနေပြီဖြစ်၏။ ကျိုးဝမ် ချက်ချင်းလှည့်ပြန်ပြီး လီရွှမ်ကို ဖုန်းခေါ်လိုက်၏။

“ကျိုးဝမ် ၊ ဘယ်လောက်တောင် ရှားလိုက်လဲ မင်းကငါ့ကို ဖုန်းခေါ်နေတာ”

လီရွှမ်၏ စနောက်သံ ကြားလိုက်ရသည်။ ဖုန်းသံထဲတွင်  ကျယ်လောင်သော သီချင်းသံများနှင့် အော်ဟစ်သံများကြောင့် ဆူညံနေသည်။

“တိတ်ဆိတ်တဲ့ နေရာတစ်ခု ရှာလိုက်၊ ငါမင်းကိုပြောစရာ ရှိတယ်”

ကျိုးဝမ် ပြောလိုက်သည်။

“ခနစောင့်ဉီး၊ ဖုန်းမချလိုက်နဲ့”

အနည်းငယ်ကြာသောအခါ ဖုန်းသံ၏ ဘေးပတ်လည်သည် တိတ်ဆိတ်သွားသည်။

လီရွှမ်၏ အသံကိုကြားလိုက်ရသည် “အခုဘာတွေဖြစ်နေတာ ပြောလို့ရပြီ”

“ငါ့ကို အခု ကျောင်းဝင်ခွင့်ရအောင် လုပ်ပေးလို့ရနိုင်မလား?”

သူ့ဉီးနှောက်ကို မွှေနှောက်စဉ်းစားပြီးနောက် ကျိုးဝမ်သည် ကျောင်းဝင်ခွင့်ရခြင်းသည်သာ တစ်ခုတည်းသော ဖြေရှင်းနည်းဟု ယုံကြည် လိုက်သည်။

[ Book I ]ဂိမ်းလေးတော့ အေးဆေးဆော့ခွင့်ပြု [ဂိမ်းလေးတော့ အေးဆေးဆော့ခွင့်ပြု]Where stories live. Discover now